ဒေါ့မွန်က ကိုလုံးကို ၅ ဂိုးပြတ်ဖြင့် အနိုင်ယူ

September 18, 2017

ဒေါ့မွန်က ကိုလုံးကို ၅ ဂိုးပြတ်ဖြင့် အနိုင်ယူ (ရုပ်သံ)

စက်တင်ဘာ ၁၇ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါပွဲစဉ်မှာ နာမည်ကြီး ဒေါ့မွန်က ကိုလုံးကို ၅ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ကိုလုံးအသင်းဟာ ဘွန်ဒတ်စ်လီဂါ ၄ ပွဲစလုံးမှာ နိုင်ပွဲမရသေးဘဲ ပေးဂိုးလည်း ၁၁ ဂိုးအထိ ရှိနေပါတယ်။ ဒီပွဲမှာ ဒေါ့မွန်က ဘောလုံးပိုင်ဆိုင်မှု ၇၄ ရာခိုင်နှုန်းအထိရှိပြီး ဂိုးပေါက်ကန်သွင်းခွင့် ၂၂ ကြိမ်အထိ ရခဲ့ပါတယ်။ ဒေါ့မွန်အတွက် အနိုင်ဂိုးတွေကို ဂါဘွန်တိုက်စစ်မှူး အောဘာမီယန်းက ၂ ဂိုး၊ ဖိလစ်က ၂ ဂိုးနဲ့ ပါပါစတေသော့လက်စ်က ၁ ဂိုး သွင်းယူပါတယ်။ ဒေါ့မွန်အသင်းဟာ ကစားထားတဲ့ ဘွန်ဒတ်စ်လီဂါ ၄ ပွဲမှာ ၃ ပွဲ အနိုင်ရပြီး ၁ ပွဲ သရေကျထားပါတယ်။ ဒီပွဲနိုင်တဲ့ ဒေါ့မွန်က ၁၀ မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေပြီး ကိုလုံးကတော့ ရမှတ်မရှိသေးဘဲ ဇယားအောက်ဆုံးမှာ ရပ်တည်နေပါတယ်။
4 years Ago
Up