ဒေါ့မွန်ကစားသမားများ စီးနင်းလာသည့် ဘတ်စ်ကားအနီး ပေါက်ကွဲမှုဖြစ်၊ ပွဲစဉ်ရွှေ့ဆိုင်းခဲ့ရ

April 12, 2017

ဒေါ့မွန်ကစားသမားများ စီးနင်းလာသည့် ဘတ်စ်ကားအနီး ပေါက်ကွဲမှုဖြစ်၊ ပွဲစဉ်ရွှေ့ဆိုင်းခဲ့ရ (ရုပ်သံ)

ဂျာမန်ဘောလုံးကလပ် ဒေါ့မွန်အသင်း ကစားသမားတွေ စီးနင်းလာတဲ့ ဘတ်စ်ကားအနီး လမ်းဘေးမှာ ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်လို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။ ဒေါ့မွန်အသင်းဟာ မိုနာကိုအသင်းနဲ့ ချန်ပီယံလိဂ်ကစားဖို့ တည်းခိုနေတဲ့ ဟိုတယ်ကနေ ထွက်ခွာလာချိန် ကားအနီး ချုံပုတ်ထဲကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် ဒေါ့မွန်အသင်း နောက်တန်းက စပိန်ကစားသမား ဘာတရာ ဒဏ်ရာရရှိခဲ့လို့ ဆေးရုံကို ပို့ဆောင်ထားရပါတယ်။ ဒီပေါက်ကွဲမှုကြောင့် မိုနာကိုနဲ့ကစားမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။ အခုတိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဂျာမန်ရဲတွေက ပြောပါတယ်။ ဒေါ့မွန်နဲ့ မိုနာကိုအသင်းတို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ဒီည ပြန်လည်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
4 years Ago
Up