ဒေါ့မန် - စတူဂတ်

A d v e r t i s e m e n t With Us

February 10, 2016

ဒေါ့မန်က စတူဂတ်ကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၉ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ဒေါ့မန်က စတူဂတ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ ပွဲအစ မိနစ် ၂၀ လောက်မှာ ကွင်းဝင်ကြေး လက်မှတ်ဈေး တက်သွားတာကို ကန့်ကွက်တဲ့အနေနဲ့ ဒေါ့မန် ပရိတ်သတ်တွေက မကြည့်ဘဲ သပိတ်မှောက်တာတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဘောလုံးကွင်းထဲကို တင်းနစ်ဘောလုံးတွေနဲ့ ပစ်ပေါက်တာတွေ လုပ်ခဲ့ပါတယ်။ ပွဲစလို့ ၅ မိနစ်မှာပဲ ဒေါ့မန်အတွက် ဦးဆောင်ဂိုးကို မားကို့စ် ရှု့စ်က သွင်းယူပါတယ်။ အိမ်ရှင် စတူတ်ဂတ်အတွက် ချေပဂိုးကို ၂၁ မိနစ်မှာ အဝေးကစ်ကနေ ပြန်လည် သွင်းယူပါတယ်။ ဒေါ့မန်အတွက် ဒုတိယဂိုးကို တိုက်စစ်မှူး အောဘာမီယန်းက ထိုးဖောက် သွင်းယူပါတယ်။ ချေပဂိုး သွင်းနိုင်ဖို့ စတူတ်ဂတ်အသင်း တိုက်စစ်တင်ပြီး ဖိအားပေး ကစားတုန်းမှာ တန်ပြန်တိုက်စစ်ကနေ ဂိုးထပ်ပေးလိုက်ရပါတယ်။ မစ်ခိတယ်ရီရေးရန်းက သွင်းယူပြီး ဒေါ့မန်အသင်း ဂျာမန်ဖလား ဆီမီးဖိုင်နယ်ကို တက်ရောက် သွားပါတယ်။
5 years Ago
Up