ဒေါင်းတို့မျိုးဆက်သံချပ်​အဖွဲ့တရားရုံးထုတ်စဉ် ဒေါ်​အောင်​ဆန်းစုကြည်​အတွက်​ မွေး​နေ့ဆု​တောင်း

A d v e r t i s e m e n t With Us

June 19, 2019

ဒေါင်းတို့မျိုးဆက်သံချပ်​အဖွဲ့တရားရုံးထုတ်စဉ် ဒေါ်​အောင်​ဆန်းစုကြည်​အတွက်​ မွေး​နေ့ဆု​တောင်း

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်​မ ၅၀၅(က)နဲ့  တပ်မတော်က တရားစွဲဆိုထားတဲ့ ​ဒေါင်းတို့မျိုးဆက်  သံချပ်​အဖွဲ့ဝင်​ ၅ ဦးကို မရမ်းကုန်းမြို့နယ်​တရားရုံးမှာ ဇွန်​လ ၁၉ ရက်​​က  ၇ ကြိမ်​​မြောက် ​ရုံးထုတ်​ စစ်ဆေးပါတယ်​။ ​ဒီ​နေ့ရုံးချိန်းအပြီး တရားခွင်​ကထွက်​အလာမှာ တရားစွဲခံထားရတဲ့ ကျောင်းသား လူငယ် တွေက  နိုင်​ငံ​တော်​၏အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​အတွက်​ ​ မွေး​နေ့ ဆု​တောင်းပေး ခဲ့ကြပါတယ်​။ ပိတ်​ဖြူ​ပေါ်မှာ မင်​နီနဲ့ ရေးထိုးတားတဲ့ ​မွေး​နေ့ဆု​တောင်းစာကို မီဒီယာ​တွေကို မပြသခင်​မှာ တာဝန်​ကျလုံခြုံ​ရေးရဲ​တပ်ဖွဲ့ဝင်တွေနဲ့ စကားများခဲ့ကြပါတယ်​။ ဒီအမှုတွက် တရားလိုပြသက်​​သေ ၅ ဦး တင်​ထားတဲ့အထဲမှာ တ​ဦးက ရန်​ကုန်​တိုင်း​ ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​ တယောက်​ဖြစ်ေ​နတဲ့အတွက်​ တရားရုံးက သက်​​သေအဖြစ်​ လက်မခံဘဲ ပယ်​ချလိုက်​တယ်​လို့ ​ဒေါင်းတို့မျိုးဆက်​သံချပ်​အဖွဲ့အတွက်​ လိုက်​ပါ​ဆောင်​ရွက်​​ပေး​ နေတဲ့ ​ရှေ့​နေက​ပြောပါတယ်​။ စုစု
2 years Ago
Up