ဒေါင်လိုက်ဥယျာဉ်

A d v e r t i s e m e n t With Us

August 18, 2016

ယာဉ်မောင်းများ စိတ်ဖိစီးမှုလျှော့ချရေး ဒေါင်လိုက်ဥယျာဉ်များ စိုက်ပျိုးမည် (ရုပ်သံ)

မဆုံးနိုင်တဲ့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် နိုင်ငံတကာမှာပါ ကျော်ကြားနေတဲ့ မက္ကဆီကိုစီးတီးမြို့မှာ လေထုညစ်ညမ်းမှုနဲ့ ယာဉ်မောင်းတွေ စိတ်ဖိစီးမှု လျှော့ချဖို့ ဒေါင်လိုက်ဥယျာဉ်တွေကို စိုက်ပျိုးတော့မှာပါ။ မိုးပျံလမ်းတွေကို ထောက်ထားတဲ့ ရာနဲ့ချီတဲ့ တိုင်တွေမှာ အပင်တွေကို ကပ်ပြီး စိုက်ပျိုးဖို့ စီမံကိန်းကို အကောင်အထည် ဖော်နေပါတယ်။ ဗီယာဗာဒေလို့ ခေါ်ပြီး အစိမ်းရောင်နည်းလမ်းလို့ နာမည်ရတဲ့ ဒီစီမံကိန်းကို အရပ်ဘက် အဖွဲ့အစည်းတွေက ဆောင်ရွက်မှာဖြစ်ပြီး ဒေသခံ အစိုးရနဲ့ ကော်ပိုရိတ် ကမကထ ပြုသူတွေက ပံ့ပိုးထားပါတယ်။ အလိုအလျောက် ရေပေးရေးစနစ်ကို တပ်ဆင်ပြီး အပင်မျိုးစိတ် အမျိုးမျိုးကို ထည့်စိုက်ထားတဲ့ အစိမ်းရောင်နံရံတွေအဖြစ် ဒီစီမံကိန်းကို ပုံစံထုတ် ဒီဇိုင်းရေးဆွဲထားပါတယ်။ မက္ကဆီကိုတောင်ကြားမှာ နေရာလွတ်ကင်းမဲ့လို့ စီစဉ်သူတွေက ကွန်ကရစ်နဲ့ သဘာဝကြားမှာ ပိုဟန်ချက်ညီအောင် စိမ်းလန်းတဲ့ နံရံတွေ၊ တိုင်တွေ ပိုတိုးဖို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒေါင်လိုက်ဥယျာဉ်တွေကို ပြုပြင်မွမ်းမံနေမယ်ဆိုရင် နှစ်အတော်များများထိ အသုံးခံအောင် လုပ်နိုင်မယ်လို့လည်း စီစဉ်သူတွေက အကောင်းမြင် မျှော်လင့်ထားပါတယ်။ မတ်လက မက္ကဆီကိုစီးတီးမြို့တော်ဝန်က ယာဉ်ကြောကန့်သတ်ဖို့ အမိန့်ထုတ်ပါတယ်။ လေထုညစ်ညမ်းမှု ပြင်းထန်လို့ လူတွေ အိမ်ထဲမှာ နေကြဖို့ ထောက်ခံခဲ့ပါတယ်။ ဒါ့အပြင် ၁၃ နှစ်အတွင်း ပထမဆုံးအနေနဲ့ မြေပြင်အနီး အိုဇုံးလွှာ ဖြစ်ထွန်းမှုအတွက် ဒုတိယအမြင့်ဆုံး တပ်လှန့်သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ အိုဇုံးဓာတ်ငွေ့ဟာ လေထုရဲ့ ဒုတိယအမြင့်ဆုံး အလွှာမှာရှိရင် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်ပေမယ့် မြေလွှာနဲ့ကပ်လျက်မှာ ဖြစ်ထွန်းခဲ့ရင် အဆိပ်သင့်ဓာတ်ငွေ့ဖြစ်လို့ အသက်ဘေးကို စိုးရိမ်ရပါတယ်။
5 years Ago
Up