ဒေါက်ဖိနပ်ဝယ်သည့် ဘုန်းကြီး ထိုင်းလူမှုကွန်ရက်ပေါ် ပျံ့နှံ့

February 3, 2016

ဒေါက်ဖိနပ်ဝယ်သည့်ဘုန်းကြီး ထိုင်းလူမှုကွန်ရက်ပေါ် ပျံ့နှံ့ (သတင်းဓာတ်ပုံ)

ထိုင်းနိုင်ငံက လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဘန်ကောက်က ဒေါက်ဖိနပ်ဆိုင် တဆိုင်အတွင်း ဖိနပ်ဝယ်နေတဲ့ ဘုန်းကြီးတွေရဲ့ ပုံတွေ ပျံ့နှံ့နေပါတယ်။ ဒီဓာတ်ပုံကို လူအများစုက မသင့်တော်ဘူးဆိုပြီး ဝေဖန်ထောက်ပြ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဗုဒ္ဓရဲ့ အခြေခံသင်ကြားမှုတွေနဲ့ ဆန့်ကျင်တဲ့ နေထိုင်မှုပုံစံမျိုးကို လုပ်ဆောင်နေတာဟာ မသင့်တော်ဘူးဆိုတဲ့ မှတ်ချက်တွေလည်း ရေးသားနေပါတယ်။ တချို့ကလည်း ဘုန်းကြီးက အမေနဲ့ ဆွေမျိုးတွေအတွက် ၀ယ်ယူတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ရဟန်းသံဃာတွေ ဈေးဝယ်စင်တာတွေမှာ လျှောက်လည်နေတာဟာ တွေ့ရခဲတယ်လို့လည်း မှတ်ချက်ရေးပါတယ်။ သတင်းဓာတ်ပုံ - ဘန်ကောက်ပို့စ်  
7 years Ago
Up