ဒေသန္တရ ရွေးကောက်ပွဲတွင် လက်ရှိ ဂျာမနီဝန်ကြီးချုပ်၏ပါတီ ရှုံးနိမ့်နေ

A d v e r t i s e m e n t With Us

September 5, 2016

ဒေသန္တရ ရွေးကောက်ပွဲတွင် လက်ရှိ ဂျာမနီဝန်ကြီးချုပ်၏ပါတီ ရှုံးနိမ့်နေ

ဂျာမနီနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်တခုမှာ စက်တင်ဘာ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ ဒေသန္တရ ရွေးကောက်ပွဲတွေမှာ ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်ရဲ့ ပါတီဟာ ဒုက္ခသည်နဲ့ မွတ်စလင်ဆန့်ကျင်ရေးပါတီကို ရှုံးနိမ့်နေပါတယ်။ ကနဦးမဲရလဒ်တွေအရ ညွန့်ပေါင်းအစိုးရပါတီတခုဖြစ်တဲ့ SPD ပါတီက မဲရလဒ် ၃၀ ရာခိုင်နှုန်း ရရှိနေပြီး ဒုက္ခသည်နဲ့ မွတ်စလင်ဆန့်ကျင်ရေးပါတီက ၂၁ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာက လိုက်ပါတယ်။ ၀န်ကြီးချုပ် မာကဲလ်ရဲ့ CDU ပါတီကတော့ ၁၉ ရာခိုင်နှုန်းလောက်နဲ့ တတိယနေရာပဲ ရရှိနေပါတယ်။ ဒီမဲရလဒ်တွေဟာ လာမယ့်နှစ် ပါလီမန်ရွေးကောက်ပွဲတွေအတွက် ရှေ့ပြေးမဲရလဒ်တွေအဖြစ်လည်း ရှုမြင်သုံးသပ်ကြပါတယ်။ လက်ရှိ မဲရလဒ်တွေအရ လက်ယာယိမ်း မွတ်စလင်ဆန့်ကျင်ရေးပါတီ AfD ပါတီက လူထုထောက်ခံမှု တက်လာပေမယ့်လည်း တခြားနိုင်ငံရေးပါတီတွေကတော့ အဲ့ဒီပါတီနဲ့ ညွန့်ပေါင်းဖွဲ့စည်းဖို့ ငြင်းဆန်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရွေးကောက်ပွဲ မဲရလဒ်တွေအရ ၀န်ကြီးချုပ်မာကဲလ်ရဲ့ ဂျာမနီနိုင်ငံအတွင်း ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ မူဝါဒတွေအပေါ် လူထုက သိပ်မထောက်ခံဘူးဆိုတာ ပြသနေတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ ဒါကြောင့် လာမယ့်နှစ် ပါလီမန်ရွေးကောက်ပွဲတွေမှာ ၀န်ကြီးချုပ် မာကဲလ်နဲ့ သူ့ရဲ့ပါတီအပေါ် လူထုထောက်ခံမှု သိသိသာသာ ကျဆင်းလာနိုင်တယ်ဆိုပြီး ဂျာမနီ နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
5 years Ago
Up