ဒေသတွင်းတည်ငြိမ်လျှင်

January 27, 2018

ဒေသတွင်းတည်ငြိမ်လျှင် အမေရိကန်သင်္ဘော၏ ဗီယက်နမ်ခရီးစဉ် မကန့်ကွက်ဟု တရုတ်ပြော

ဒေသတွင်း တည်ငြိမ်ရေးအတွက် အကျိုးရှိမယ်ဆိုရင် အမေရိကန် လေယာဉ်တင်သင်္ဘောက ဗီယက်နမ်နိုင်ငံကို လာရောက်လည်ပတ်မယ့် အစီအစဉ်ကို တရုတ်အစိုးရက ကန့်ကွက်မှာ မဟုတ်ဘူးလို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။ မတ်လမှာ ဗီယက်နမ်နိုင်ငံ ဒါနန်းဆိပ်ကမ်းကိုလာမယ့် ကြိုတင် အဆိုပြုထားတဲ့ ခရီးစဉ်ဟာ ဗီယက်နမ် စစ်ပွဲအပြီး ၁၉၇၅ ခုနှစ်နောက်ပိုင်းမှာ အမေရိကန် စစ်သည်အများဆုံးကို ဗီယက်နမ် နိုင်ငံကို ခေါ်လာနိုင်ပါတယ်။ ဗီယက်နမ်ကို အမေရိကန် လေယာဉ်တင် သင်္ဘောလာမှာကို အမြန်ဖွံ့ဖြိုးဆဲနိုင်ငံများ ကွန်ရက်က  ကြိုဆိုခဲ့ပါတယ်။ ဒီကွန်ရက်ဟာ တရုတ်ရဲ့ စစ်ရေးအင်အား တိုးမြှင့်မှုနဲ့ ဗျူဟာမြောက် တောင်တရုတ်ပင်လယ်အတွင်း ကျွန်းတွေ တည်ဆောက်နေတဲ့ လုပ်ရပ်တွေကို စိုးရိမ်တကြီး မျက်စိဒေါက်ထောက် ကြည့်နေခဲ့တာပါ။ ဗီယက်နမ်ကို အမေရိကန် လေယာဉ်တင်သင်္ဘော လာရောက်လည်ပတ်တာကို တရုတ်က စိုးရိမ်သလားလို့ သတင်းထောက်တွေက သတင်းစာ ရှင်းလင်းပွဲအတွင်း မေးခဲ့တာပါ။ တရုတ်ဟာ နိုင်ငံတွေကြား ရင်းနှီးမှု ပူးပေါင်းမှုရှိတဲ့ ဆက်ဆံရေးတွေ တိုးတက်လာတာကို မြင်ရတာ အမြဲတမ်း ပျော်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဟွာချွန်းရင်က ပြောခဲ့ပါတယ်။ ဗီယက်နမ်ဟာ တရုတ်ရဲ့ ပိုင်နက်ဆိုင်ရာ ကြေညာချက်ကို အသံအဆူဆုံး ကန့်ကွက်သူ ဖြစ်ခဲ့တာပါ။ ဒါ့အပြင် လက်နက်တပ်ဆင်ထားတဲ့ ဟမီလ်တန်အဆင့် ကမ်းရိုးတန်းစောင့် ကမ်းတက်သင်္ဘောငယ်လို အမေရိကန် စစ်သုံးပစ္စည်းတွေကိုလည်း ဝယ်ခဲ့ဖူးပါတယ်။
3 years Ago
Up