ဒေသခံများ အခက်ကြုံ

February 24, 2018

သံတွဲအမှိုက်ပုံ မီးလောင်ညှော်နံ့များကြောင်း ဒေသခံများ အခက်ကြုံ

သံတွဲမြို့မှာ အမှိုက်ပုံမီးလောင်ပြီး ခုထိ မငြှိမ်းနိုင်သေးတာကြောင့် မြို့ပေါ်အထိ မီးခိုး ညှော်နံ့တွေနဲ့ ဒုက္ခရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ အမှိုက်ပုံဟာ မြို့နဲ့ကပ်လျက်မှာ ရှိနေပြီး မြို့ပေါ်ရပ်ကွက်တွေအားလုံးရဲ့ စွန့်ပစ်အမှိုက်တွေကို ပစ်တာပါ။ “ဒါက တတိယအကြိမ်လောင်တာ။ အခု မီးခိုးတွေ တအားထွက်နေတာတော့ ၃ ရက်လောက် ရှိပြီ။ နေ့ဘက်တွေမှာ မသိသာပေမယ့် ညဘက်တွေမှာ တော်တော်ဆိုးတယ်။ မနေ့ညက စံပယ်လမ်း (အမှိုက်ပုံနဲ့ အနီးဆုံးမှာ ရှိတဲ့ လူနေရပ်ကွက်ကလမ်း) ကိုသွားကြည့်တာ ဆိုင်ကယ်တောင် မီးထိုးလို့ မပေါက်ဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။ အဲဒီညှော်နံ့တွေကြောင့် နှလုံးရောဂါသည် အမျိုးသမီးယောက် သေဆုံးသွားခဲ့ တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီအမှိုက်ပုံဟာ မြို့ပေါ်က အမှိုက်တွေနဲ့ ငပလီဟိုတယ်ဇုန်က အမှိုက်တွေကို စွန့်ပစ်ထားတာပါ။ ပြီးတော့ ခရိုင်ပြည်သူ့ဆေးရုံကြီးရဲ့ နောက်ဘက် ကပ်လျက်မှာ ရှိတာကြောင့် မသင့်တော်လို့ ပြောင်းဖို့သင့်ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒေသခံတယောက်ဖြစ်တဲ့ ဦးအေးဇော်မင်းက “အခုဆို မြို့ထဲကအထိ မခံနိုင်ဘူး။ ပလတ်စတစ် ညှော်နံ့က ပိုဆိုးတယ်။ ဆေးရုံနဲ့လည်းနီးနေတယ်။ အမှိုက်ပုံကို လူနေအိမ်တွေနဲ့ ဝေးရာကို ပြောင်းဖို့ သင့်ပါတယ်” လို့ ပြောပါတယ်။ ဒီအမှိုက်ပုံကို ဖေဖော်ဝါရီ လဆန်းပိုင်းကလည်း မီးလောင်ခဲ့သေးတာကြောင့် မြို့နယ်မီးသတ်က လာရောက်ငြှိမ်းသတ်ခဲ့ရပါသေးတယ်။ သံတွဲမြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးလှဖော်ဇံက “မီးကတော့ မလောင်တော့ဘူး။ အောက်မှာ ပလတ်စတစ်တွေရှိနေတော့ တငွေ့ငွေ့လောင်နေတာ။ အခု ရေကားတွေရော၊ ဘက်ဟိုးတွေနဲ့ရော မီးသတ်နေပါတယ်။ ဘက်ဟိုး အသေးနှစ်စီးနဲ့ အောက်ကဟာတွေကို ဖော်နေရတယ်။ ၃ ရက် ဆက်တိုက် ရှိပြီ။ အခုလည်း သတ်နေပါတယ်” လို့ ပြောပါတယ်။ မြို့နဲ့ဝေးတဲ့ နေရာမှာ အမှိုက်ပုံဖို့ အတွက် မြေနေရာ တင်ပြတောင်းခံထားပေမယ့် အခုထိ မရသေး တာကလည်း အခက်အခဲ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ ဒီအပေါ်မှာ ဖြေရှင်းပေးဖို့ မြို့နယ် အန်အယ်လ်ဒီရုံးကတဆင့်တင်ပြဖို့ လက်မှတ်တွေ ကောက်ခံ နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဓာတ်ပုံ - ဇော်ဝင်းလှိုင်
4 years Ago

March 5, 2017

ငပလီမြို့တွင် ရေမီတာ အဆမတန်ကောက်ခံနေသဖြင့် ဒေသခံများ အခက်ကြုံ

ရခိုင်ပြည်နယ်၊ ငပလီမြို့ကျေးရွာအချို့မှာ ရေမိတာခတွေ အဆမတန်ကောက်ခံနေတာကြောင့် ဒေသခံတွေ အခက်အခဲဖြစ်နေကြရပါတယ်။ ငပလီမြို့၊ ဇီးဖြူကုန်းအုပ်စုအပါအဝင် စပါးကြီးကျေးရွာ၊ မဇင်ကျေးရွာ၊ ငပလီကျေးရွာတွေမှာ အခုလို ရေမိတာခတွေ အဆမတန်ကောက်ခံမှုတွေကြောင့် ပြည်သူတွေ အခက်အခဲ့ဖြစ်နေကြရ တယ်လို့ ဇီးဖြူကုန်းကျေး ရွာနေသူ ဦးစောနိုင်က ဒီဗွီဘီကိုပြောပါတယ်။ “တယူနစ်ကို သူတို့က ၁၅၀ နှုန်းကောက်ပါတယ်။ ၁၅၀ နှုန်းကောက်တဲ့ နေရာမှာ သူတို့တွေ မီတာခွက်ကိုဖတ်ပြီး ဆိုလို့ရှိရင် လိုချင်တဲ့ပုံစံမျိုး၊ ဖတ်ချင်သလိုဖတ်ပြီးစာရွက်ပေးခဲ့တယ်။ သို့ပါသော်လည်းရုံးမှာသွားဆောင်ကြ ရတယ်။ ရုံးမှာသွားဆောင်တဲ့အခါမှာ ၅၀၀၀ ထောင်ကျ၊ ၅၀၀၀ ထောင်ပေးခဲ့တယ်။ တသောင်းကျတသောင်း ပေးခဲ့တယ်။ အများပြည်သူက ကြောက်လန့်ပြီးမပြောခဲ့ တာတွေအများကြီးရှိပါတယ်။ ဘာဖြစ်လဲဆိုတော့ သူတို့ကို အခုလိုခံပြီးတော့ပြောလိုက်ရင် မီတာခွပ်တွေကိုဖျက်ပစ်မယ်။ ပိုက်တွေကိုချိုးပစ်မယ်။ ခင်ဗျားတို့ကို ရေမပေးဘူး။ အဲဒီလို ခြိမ်းခြောက်တာတွေ အများကြီးရှိတယ်။” ရေမိတာတယူနစ်ကို ၁၅၀ ပေးနေရပြီး ၁ လ ရေးသုံးစရိတ်ဆိုရင် သာမန်လူတန်းစားတွေအတွက် ၁၅၀၀၀ ကနေ ၁၇၀၀၀ အထက်အထိ ပေးနေကြရတယ်လို့ ဇီးဖြူကုန်းကျေးရွာနေ မချိုသွေးကပြောပါတယ်။ “ကျမတို့ ညီကိုမောင်နှမတွေ ပိုက်ဆံအဆင်မပြေဘူး။ ရေဖိုးလိုက်ကောက်တယ်။ ကိုယ့်ပဲစိုက်ပေးရတယ်။ ညီမတို့မှာက စိုက်ပေးရဖို့ ပိုက်ဆံမရှိဘူး။ အကိုဒီလောက်ပဲယူပါလို့လည်း ပြောလို့ မရဘူး။ မီတာရုံးမှာ ကိုယ်ဟာကိုယ် သွားဆောင်ဆိုပြီးတော့ ဒီအတိုင်းပစ်ချခဲ့တယ်။ တလကို ၁၅၀၀၀၊ ၁၇၀၀၀ ၊ ၁၆၅၀၀၊ ၁၅၁၅၀၊ တယူနစ်ကို၁၅၀နှုန်းပေးရတယ်။” အဲဒီကိစ္စနဲ့ပတ်သက်ပြီး သံတွဲမြို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေကတော့ ပြည်နယ်အစိုးရခွင့်ပြုချက်နဲ့ သတ်မှတ်ဈေးနှုန်းအတိုင်း ကောက်ခံ တာလို့ ငပလီမြို့၊ ဇီးဖြူကုန်းအုပ်စုအုပ်ချုပ်ရေးမှူး ဦးသိန်းကျော်က ဒီဗွီဘီကိုပြောပါတယ်။ သံတွဲမြို့ စည်ပင်သာယာရေးအမှုဆောင်ရာရှိ ဦးလှဖိုစံကတော့ အခုလို တယူနစ်ကို ၁၅၀ ကောက်ခံတာဟာ ပုံမှန်သတ်မှတ်နှုန်းထားအတိုင်း ကောက်ယူတာဖြစ်တယ်လို့ပြောပါတယ်။ “ရေမီတာက သတ်မှတ်ထားတဲ့အတိုင်း တယူနစ်ကို ၁၅၀ နှုန်းပေးရမှာပေါ့။ အဲဒါက ရေသုံးရင်ပေးရမှာပေါ့။ အပြင်ကရေဝယ်သုံးရင် ရေဘောင်ချာတစီးကို၂၅၀၀၀ အခွဲအထိပေးရတယ်။ အဲဒါက တပတ်တောင်မသုံးရဘူး။ သူတို့ရှင်းရှင်းပြောရရင်သူတို့ ပိုက်ဆံအလကားလိုချင်တယ်ပေါ့။ အလကားလိုချင်တော့ တိုက်တယ်ခိုက် တယ်စကားပြောမှာပေါ့။” ရခိုင်ပြည်နယ်၊ အတွင်းမြို့နယ်အချို့မှာ ရေတယူနစ်သာမာန်အိမ်သုံး တယူနစ်ကို ၃၅ ဖြစ်ပြီး၊ လုပ်ငန်းသုံး ၇၅ ကျပ်၊ ကုမ္ပဏီလုပ်ငန်းကြီးသုံး ၁၀၀ ပေးရပြီး၊ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်တွေမြို့တွေမှာတော့ သာမာန်အိမ်သုံး ရေတယူနစ်ကို ၃၅ သာ ကျပ်ပေးရပြီး၊ တလအများ ဆုံးရေသုံးစရိတ်၂၀၀၀ ကနေ့ ၂၅၀၀ အထိသာပေးရတယ်လို့ သိရပါတယ်။ သတင်း၊ဝဏ္ဏခွာညို- ဓာတ်ပုံ- ဒီဗွီဘီ
5 years Ago
Up