ဒေသခံများကို စော်ကားခဲ့သည့် ရုရှားနိုင်ငံသားကို

May 22, 2017

ဒေသခံများကို စော်ကားခဲ့သည့် ရုရှားနိုင်ငံသားကို မက္ကဆီကို လူအုပ်စုကြီး ဝိုင်းတိုက်ခိုက်

မက္ကဆီကိုနိုင်ငံ ကာရစ်ဘီယံကမ်းရိုးတန်း အပန်းဖြေမြို့ ကန်ကမ်မှာ ဒေါသထွက်နေတဲ့ မက္ကဆီကန် လူရမ်းကားတအုပ်က ရုရှားနိုင်ငံသားတဦးကို တိုက်ခိုက်ခဲ့ပါတယ်။ ဒေသခံတွေအပေါ် ထပ်ခါတလဲလဲ သရော်ကဲ့ရဲ့ စော်ကားတဲ့အတွက် သူ့ကို တုတ်တွေ ခဲတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ မီဒီယာတွေက အစီရင်ခံပါတယ်။ အသက် ၄၂ နှစ်အရွယ် ရုရှားအမျိုးသားဟာ လူငယ်တဦးကို သေလောက်အောင် ဓားနဲ့ထိုးခဲ့တယ်လို့လည်း စွပ်စွဲခံရတယ်လို့ အာဏာပိုင်တွေက မေလ ၂၀ ရက်နေ့မှာ ပြောပါတယ်။ လူအုပ်က ရုရှားအမျိုးသား အလက်ဇီ မာကိဗ်ရဲ့ တိုက်ခန်းကို မေလ ၁၉ ရက်နေ့က စီးနင်းခဲ့တဲ့အတွက် ရဲတွေက သူ့ကို ကယ်ထုတ်ခဲ့ရတယ်လို့ ဘေနီတို ဂျာရဲ့စ် စည်ပင်ဒေသ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ တိုက်ခိုက်မှုကို ရိုက်ကူးထားတဲ့ရုပ်သံကို မက္ကဆီကို မီဒီယာတွေမှာ မေလ ၂၀ ရက်နေ့က ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။ မာကိဗ်ဟာ သူ့တိုက်ခန်းထဲဝင်လာတဲ့ လူငယ်တဦးကို ဓားနဲ့ထိုးခဲ့လို့ လူအုပ်က ကြီးလာခဲ့ပြီး အကြမ်းဖက်မှု အရှိန်မြင့်လာခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။ တိုက်ခိုက်ခံရတဲ့လူငယ်ဟာ နောက်ပိုင်းမှာ ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။ မာကိဗ်ကိုတော့ ဆေးရုံမှာပဲ ထိန်းသိမ်းထားပြီး ဆေးကုပေးနေရတယ်လို့ အရာရှိတွေက ပြောပါတယ်။
4 years Ago
Up