ဒေလီတွင် အစိုးရဂျက်လေယာဉ်ငယ်ပျက်ကျ၊ လူ ၁၀ ဦးသေဆုံး

December 22, 2015

ဒေလီတွင် အစိုးရဂျက်လေယာဉ်ငယ်ပျက်ကျ၊ လူ ၁၀ ဦးသေဆုံး

အစိုးရ နယ်စပ်လုံခြုံရေးဆိုင်ရာ စစ်တပ်ပိုင် ဂျက်လေယာဉ်ငယ်တစီးဟာ ဒီဇင်ဘာ ၂၂ ရက်နေ့က အိန္ဒိယနိုင်ငံ ဒေလီမြို့က ထွက်ခွာချိန်မှာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီလေယာဉ်ငယ်ဟာ ဒေလီမြို့မှ မြောက်ပိုင်းမြို့တော် ရန်ချီကိုအသွားမှာ ခုလို ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်ပါ လေယာဉ်မှူး ၂ ဦးနဲ့ ပညာရှင် ၈ ဦး အပါအ၀င် စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့တာပါ။ လေကြောင်းဌာနဆိုင်ရာ အငယ်တန်းဝန်ကြီး မာဟက်ရှ်ရှာမာက “လေယာဉ်ပေါ်မှာ ပါတဲ့သူအကုန်လုံး သေသွားခဲ့တာပါ။ ဘာကြောင့်ဖြစ်ရတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ကျနော်တို့ ဆက်လက်စုံစမ်းသွားမှာပါ” လို့ ပြောပါတယ်။ လေယာဉ်ဟာ စတင်ထွက်ခွာပြီး ခဏအကြာမှာ ဘက်ဂ်ဒိုကျေးရွာအနီး ပျက်ကျခဲ့တာဖြစ်ပြီး နံရံတခုနဲ့တိုက်မိကာ မီးလောင်ကျွမ်းခဲ့တာလို့ ပြောရေးဆိုခွင့်ရှိသူတွေက ပြောပါတယ်။
6 years Ago
Up