ထောပတ်သီး

June 16, 2017

ကုန်စုံဆိုင်တွင်း အချင်းများရာမှ ထောပတ်သီးဖြင့် ပစ်ပေါက်ရန်ပွဲဖြစ် (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ အရောင်းဝန်ထမ်း အမျိုးသားတဦးဟာ ဝယ်သူအမျိုးသား ၂ ဦးနဲ့ အချင်းများခဲ့ရာကနေ ထောပတ်သီးတွေနဲ့ ပစ်ပေါက်တိုက်ခိုက် ခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဘရွန့်ဇ်ဒေသတွင်းမှ ကုန်စုံဆိုင်တဆိုင်တွင်း ဖြစ်ခဲ့တာဖြစ်ပြီး ရန်ပွဲဖြစ်နေတာကို စီစီတီဗွီ လုံခြုံရေးကင်မရာမှတဆင့် ဖမ်းယူရရှိခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အမျိုးသား ၂ ဦးဟာ စတိုးဆိုင်တွင်းမှာ ထောပတ်သီးတွေနဲ့ ဆိုင်အရောင်းဝန်ထမ်းကို အဆက်မပြတ်ပေါက်ကာ တိုက်ခိုက်ခဲ့ကြတာကို တွေ့ရပါတယ်။ ခုလိုတိုက်ခိုက်ခဲ့မှုကြောင့် အသက် ၂၁ နှစ်အရွယ် အရောင်းဝန်ထမ်းရဲ့ မျက်လုံး၊ နှုတ်ခမ်းတွေမှာ အညိုအမည်းစွဲဒဏ်ရာတွေ ရရှိခဲ့ကာ မေးရိုးကျိုးသွားခဲ့လို့ ခွဲစိတ်ကုသနိုင်ဖို့ ဆေးရုံကို ပို့ဆောင်ထားခဲ့ရတာပါ။ အဲဒီဝယ်သူအမျိုးသား ၂ ဦးဟာ သူတို့မှာထားတဲ့ အစားအသောက်အော်ဒါနဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်ရာကနေ ရန်ပွဲစတင်ခဲ့တာဖြစ်တယ်လို့ ဒေသတွင်းရဲတွေက ပြောပါတယ်။ အဲဒီအမျိုးသား ၂ ဦးဟာ ခုလိုတိုက်ခိုက်ခဲ့ပြီးနောက်မှာ ဆိုင်ထဲကနေ ထွက်သွားခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ ရဲတွေက သူတို့ကို ဖမ်းမိနိုင်ဖို့ ကြိုးစားနေပါတယ်။
4 years Ago
Up