ထောင်နှင့်ချီဆန္ဒ ပြ

March 3, 2018

သတင်းထောက်အသတ်ခံရမှု ဆလိုဗက်ကီးယားတွင် ထောင်နှင့်ချီဆန္ဒ ပြ

အသတ်ခံခဲ့ရတဲ့ သတင်းထောက်အတွက် ဆလိုဗက်ကီးယားနိုင်ငံ မြို့တော် ဘရက်တစ်လာဗာနဲ့ တခြားမြို့တွေမှာ မတ်လ ၂ ရက်နေ့က လူပေါင်း ထောင်နဲ့ချီ  ဆန္ဒပြခဲ့ကြပါတယ်။ တတိုင်းပြည်လုံး တုန်လှုပ်ရတဲ့ လူသတ်မှုအတွက် အမြန်အရေးယူဖို့ တောင်းဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က အသတ်ခံခဲ့ရတဲ့ သတင်းထောက်ဟာ နိုင်ငံရေးသမားတွေနဲ့ စီပွားရေးသမားတွေကြား ဆက်နွှယ်မှုရှိနေတဲ့ အခွန်နဲ့ နိုင်ငံတကာ ထောက်ပံ့ငွေကြေးအပေါ် အဂလိုက်စားမှုတွေကို စုံစမ်းထောက်လှမ်းနေသူပါ။ အသက်  ၂၇ နှစ်ရှိပြီဖြစ်တဲ့ သတင်းထောက် ဂျန်ကူရှက်ဟာ နိုင်ငံအရှေ့ပိုင်းက အီတလီ လူမျိုး စီးပွားရေးသမားတွေနဲ့ မာဖီးယားဂိုဏ်းကြား ပတ်သက်ဆက်နွှယ်မှုကို သတင်းရေးသားဖို့ စုံစမ်းနေချိန်မှာ မကြာခင် လက်ထပ်တော့မယ့် ချစ်သူနဲ့အတူ ပြီးခဲ့တဲ့ သီတင်းပတ်က နေအိမ်မှာ ပစ်သတ်ခံခဲ့ရပါတယ်။ သတင်းထောက်တွေကို တိုက်ခိုက်တာ ကျနော်တို့ကို တိုက်ခိုက်တာနဲ့ အတူတူပဲ ဆိုတဲ့ ဖော်ပြချက်ပါ ဆိုင်းဘုတ်တွေနဲ့ ဖယောင်းတိုင်တွေကို ဆန္ဒပြသူတွေက ကိုင်ဆွဲချီတက်ခဲ့ကြ တာပါ။ ဥရောပမှာလည်း ဆန္ဒပြသွားဖို့ စီစဉ်နေပါတယ်။ သတင်းထောက် ဂျန်ကူရှက်ဟာ ၀န်ကြီးချုပ် ရောဘက်ဖီကို ရုံးအတွက် အလုပ်လုပ်ပေးခဲ့သူတွေ ပါဝင်ပတ်သက်နေတဲ့ ဥရောပသမဂ္ဂ ထောက်ပံ့ငွေနဲ့ အဂတိလိုက်စားမှုတွေအကြောင်း ကိုလည်း ပြည်တွင်းနဲ့ နိုင်ငံတကာမီဒီယာတွေမှာ သတင်းရေးသားခဲ့ဖူးသူ ဖြစ်ပါတယ်။
4 years Ago
Up