ထောင်ဖောက်ပြေးသွားခဲ့တဲ့ ကမ္ဘာကျော် မူးယစ်ရာဇာ အယ်ချာပိုကို ပြန်လည် ဖမ်းဆီးနိုင်ပြီလို့ မက္ကဆီကိုသမ္မတက ပြီးခဲ့တဲ့ ဇန်န၀ါရီ ၈ ရက်နေ့က အတည်ပြုပါတယ်။
အယ်ချာပိုကို ဖမ်းဆီးတဲ့ စစ်ဆင်ရေး အောင်မြင်စွာ ပြီးဆုံးသွားပါပြီ၊ သူ့ကို ပြန်ဖမ်းလိုက်ပါပြီလို့ သမ္မတ အန်းရစ် ပန်နာ နီတိုးက သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။
မက္ကဆီကို မြောက်ပိုင်းက Los Mochis မြို့မှာ အယ်ချာပိုကို ပြန်ဖမ်းတဲ့ စစ်ဆင်ရေးမှာ ပြည်ထောင်စုရဲတပ်ဖွဲ့နဲ့ ရေတပ်တို့ ပူးပေါင်းခဲ့တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။
မူးယစ်ရာဇာ အယ်ချာပိုဟာ မက္ကဆီကိုမှာ လုံခြုံရေး စနစ်အကျဆုံး အကျဉ်းထောင်ကနေ မနှစ်ဇူလိုင်လ ၁၁ ရက်နေ့က ထောင်ဖောက်ထွက်ပြေးခဲ့တာပါ၊
၂၀၀၁ ခုနှစ်ကလည်း ပထမအကြိမ် ထောင်ဖောက်ပြေးဖူးပြီး ၂၀၁၄ ခုနှစ်မှာ ပြန်အဖမ်းခံခဲ့ရပါတယ်။ အခုတခေါက် သူ့ကို ပြန်လည် ဖမ်းဆီးဖို့ စစ်ဆင်ရေးဟာ ၄ လ ကြာပါတယ်။
7 years Ago