တူရကီနိုင်ငံ အရှေ့တောင်ပိုင်း ဒီယာဘာကီယာမြို့မှာ ထောင်သားသေဆုံးမှုကို ဆန့်ကျင် ဆန္ဒပြနေတဲ့ အမျိုးသမီးတွေကို တူရကီရဲတွေက မတ်လ ၁၈ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။
ပီကေကေအဖွဲ့ဝင် ဇူလ်ကွတ်ဖ် ဂျေဇန်ကို မတ်လ ၁၇ ရက်က မြှုပ်နှံခဲ့တဲ့ သင်္ချိုင်းဆီကို လမ်းလျှောက်သွားဖို့ ကြိုးစားတဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကို လူစုခွဲဖို့ တူရကီ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေ သုံးခဲ့ကြပါတယ်။
ဂျေဇန်ဟာ ဗုံးခွဲတိုက်ခိုက်မှုအတွက် အပြစ်ရှိကြောင်းတွေ့အပြီး ထောင်ကျနေတုန်း သူ့ကိုယ်သူ ကြိုးဆွဲချ သတ်သေခဲ့တယ်လို့ တရားဝင် ကြေညာချက်က ဆိုပါတယ်။
ဂျေဇန်ရဲ့အလောင်းကို ကာဒစ်ရှ်မြို့ဖြစ်တဲ့ ဒီယာဘာကီယာမြို့ဆီ လေယာဉ်နဲ့သယ်လာပြီး ညတွင်းချင်း မြေမြှုပ်ခဲ့တာပါ။
ဆန္ဒပြသူတွေက သင်္ချိုင်းထဲကို ဝင်ခွင့်ရဖို့ တောင်းဆိုနေချိန်မှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက ပိတ်ဆို့ထားခဲ့ပြီး လူစုခွဲခဲ့တာပါ။
ဆန္ဒပြသူတချို့ အဖမ်းခံရပေမယ့် အရေအတွက် အတိအကျကို ရဲတွေက စာရင်းမထုတ်ပြန်ပါဘူး။
၂၀၀၇ က အပ်ချုပ်ဆိုင်တခုကို ဗုံးခွဲမှုနဲ့ တရားစွဲခံရအပြီး ဂျေဇန်ဟာ ထောင်ဒဏ် ၁၀၉ နှစ် ၉ လ ကျခံရတာပါ။ သူ့ရဲ့တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ပါတယ်။
4 years Ago