ဗြိတိန်နိုင်ငံ လက်စတာဒေသက ဆေးရုံတရုံအပြင်ဘက်မှာ ဓားကိုင်သောင်းကျန်းသူတဦးက လူတဦးကို ဓားနဲ့ ထိုးခဲ့တာကြောင့် သြဂုတ် ၂၄ ရက်နေ့က ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်ပါတယ်။
အဲဒီ ဓားကိုင်သောင်းကျန်းမှုဖြစ်စဉ်ဟာ အခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ယူစွက် အကာဆိုသူ အသက် ၂၂ အရွယ်လူတဦးက ဆေးရုံအပြင်ဘက်မှာ ရပ်ကြည့်နေသူတဦးကို ဓားနဲ့ ထိုးခဲ့တာဖြစ်ပါတယ်။
သူဟာ ဆေးရုံတွင်းကိုလည်း ဝင်ရောက်တိုက်ခိုက်ခံရာမှာ တာဝန်ကျ သူနာပြုရဲ့ စီမံခန့်ခွဲနိုင်မှုကြောင့် ဆေးရုံမှာ ကုသဖို့ စောင့်ဆိုင်းနေတဲ့ လူနာတွေအကုန်လုံး ထွက်ပြေးလွတ်မြောက်ခဲ့တာပါ။
သူဟာ ဆေးရုံဧည့်ကြိုခန်းက ကွန်ပျူတာတွေကို ဆွဲချဖျက်ဆီးခဲ့ပါတယ်။ တာဝန်ကျသူနာပြုက အဲဒီဓားကိုင်သောင်းကျန်းသူနဲ့ ရင်ဆိုင်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွာခဲ့တယ်လို့ Mirror သတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago