ထောင်ဒဏ် ၃၅ နှစ်ကျခံနေရစဉ် လိင်ပြောင်းလဲခဲ့သူကို အိုဘားမား ပြစ်ဒဏ်လျှော့ပေး

January 19, 2017

ထောင်ဒဏ် ၃၅ နှစ်ကျခံနေရစဉ် လိင်ပြောင်းလဲခဲ့သူကို အိုဘားမား ပြစ်ဒဏ်လျှော့ပေး

၂၀၁၀ ခုနှစ်က အမေရိကန်အစိုးရလျှို့ဝှက်ချက် အမြောက်အမြား ဝီကီလိစ်ကို ဖွင့်ချခဲ့မှုနဲ့ ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံရတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ချယ်ဆီး မန်းနင်း (Chelsea Manning) ရဲ့ ပြစ်ဒဏ်ကို သမ္မတ အိုဘားမားက လျှော့ပေါ့ပေးလိုက်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ချယ်ဆီးဟာ ဖမ်းဆီးရုံးတင်ခံရချိန်က အမျိုးသားတဦး ဖြစ်ခဲ့ပေမယ့် အပြစ်ဒဏ်ကျခံရချိန် ပြီးခဲ့တဲ့နှစ်က အမျိုးသမီးဘဝကို လိင်အင်္ဂါပြောင်းလဲခဲ့တာပါ။ သူ့ရဲ့ပြစ်ဒဏ်အရ ချယ်ဆီးဟာ ၂၀၄၅ ခုနှစ်မှ လွတ်မြောက်မှာဖြစ်ပေမယ့် အခုတော့ လာမယ့် မေလ ၁၇ ရက်နေ့မှာ လွတ်မြောက်မှာပါ။ သူ့ရဲ့ အမေရိကန်စစ်ရေးလျှို့ဝှက်ချက်တွေနဲ့ သံတမန်ရေး လျှို့ဝှက်ချက်ပေါင်း ၇ သိန်းကျော် ဖွင့်ချမှုဟာ အမေရိကန်သမိုင်းမှာ အကြီးဆုံး အစိုးရလျှို့ဝှက်ချက် ပေါက်ကြားမှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က သူ့ကို အမျိုးသားစစ်အကျဉ်းထောင်မှာ ထားရှိခဲ့လို့ ၂ ကြိမ် သေကြောင်းကြံခဲ့ပြီး တကြိမ် အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ အမေရိကန်စစ်တပ်က သူ့ရဲ့ လိင်အပြောင်းအလဲ လုပ်ခွင့်ပေးဖို့ သဘောတူညီခဲ့လို့ အစာငတ်ခံဆန္ဒပြတာကိုလည်း ရုပ်သိမ်းခဲ့တာပါ။ သမ္မတ အိုဘားမားဟာ သူ သက်တမ်းမကုန်ဆုံးခင်လေးတင် အကျဉ်းသား ၆၄ ယောက်ကို လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး အကျဉ်းသား ၂၀၀ ကျော်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ပါတယ်။
5 years Ago
Up