ထောင်ဒဏ် တသက်တကျွန်းချခံရ

January 6, 2017

ပြင်သစ်ဇနီးအား သတ်၍ ရေခဲသေတ္တာထဲထည့်ခဲ့သူ ထောင်ဒဏ် တသက်တကျွန်းချခံရ

ပြင်သစ်ဇနီးသည်ကို သတ်ပြီး ခုတ်ပိုင်းထားတဲ့ အလောင်းကို ရေခဲသေတ္တာထဲ ထည့်ခဲ့တဲ့ အိန္ဒိယအမျိုးသားကို တသက်တကျွန်းထောင်ဒဏ် ချမှတ်လိုက်တယ်လို့  ဘီဘီစီရဲ့ ဇန်နဝါရီလ ၅ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။ ၂၀၁၃ ခုနှစ်ကတည်းက လူသတ်မှု ကျုးလွန်ခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် ဂီရှစ်ရှ်ပုတ်ကို အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရဲ့ ဆင်ခြေဖုံး သိန်းတရားရုံးမှာ ထောင်ဒဏ်ချမှတ်လိုက်တာပါ။ ပုတ်က သူ့ရဲ့ဇနီးပသတ်ကို သတ်ပြီး အပိုင်းပိုင်းခုတ်ထစ်ခဲ့တာလို့ တရားစွဲသူတွေက တရားရုံးကို ပြောခဲ့ပါတယ်။ ပုတ်က ဆွေမျိုးတွေကို တယ်လီဖုန်းဆက်ပြီး ဒီရာဇဝတ်မှုအကြောင်းကို ဝန်ခံခဲ့လို့ ဒီအမှုကို သိခဲ့ပြီး ရဲကို အကြောင်းကြားခဲ့တာလို့လည်း သိရပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ ထောင်ဒဏ် တသက်တကျွန်းက ထောင်ဒဏ် ၁၄ နှစ်ဆို ပြည့်တာပါ။ ဒါပေမယ့် ပုတ်ရဲ့ အင်မတန်ထိတ်လန့်ဖွယ် ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုကြောင့် သူ အသက်ရှင်သမျှ ကာလပတ်လုံး သူ့ကို ထောင်ထဲမှာပဲ ဖမ်းဆီးထားမယ်လို့ သိန်းခရိုင်တရားရုံးရဲ့ တရားသူကြီးမရီဒူလာဘာတီရာက ပြောလိုက်ပါတယ်။ ပုတ်ရဲ့ဇနီးဖြစ်သူ သေဆုံးသူပသတ်ရဲ့ မိခင်က ပြင်သစ်မှာနေလို့ ပသတ်က ပြင်သစ်ပတ်စပို့ ကိုင်ဆောင်ထားတာပါ။ သူတို့စုံတွဲဟာ ၂၀၀၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့မှာ လက်ထပ်ခဲ့ကြပြီး မွန်ုဘိုင်းရဲ့ ဘရန်ဒါဒေသမှာ နေထိုင်ခဲ့ကြတာပါ။ သူတို့မှာ ၂ နှစ်အရွယ် သားတယောက် ရှိပြီး အခင်းဖြစ်ပွားချိန်မှာ ကလေးက ပုတ်ရဲ့မိဘတွေနဲ့ ရှိနေတာပါ။ ပုတ်က သူ့ရဲ့မိန်းမကို ဓားနဲ့တိုက်ခိုက်သတ်ခဲ့တာလို့ ရဲကပြောပါတယ်။ ငွေကိစ္စအတွက်နဲ့ လင်မယား ၂ ဦးဟာ ရန်ဖြစ်ခဲ့ကြတာဖြစ်ပြီး၊ ဇနီးဖြစ်သူ ပသတ်က ပြင်သစ်ကို ပြန်ချင်နေတာလို့လည်း သိရပါတယ်။
5 years Ago
Up