ထောင်ဒဏ်ချမှတ်ခံရ

October 14, 2017

စင်ကာပူ ပလာဇာတွင် ခိုက်ရန်ြဖစ်ပွားသည့် မြန်မာ ၇ ဦး ထောင်ဒဏ်ချမှတ်ခံရ

စင်ကာပူနိုင်ငံ ပင်နီဆူလာပလာဇာမှာ စီးကရက်ကိစ္စနဲ့ပတ်သက်ပြီး စကားများရာမှ စင်ကာပူ နိုင်ငံသား ၃ ဦးနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့မှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံသား ၇ ဦးကို ထောင်ဒဏ် ၁၂ လ ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ် ဇွန်လ ၄ ရက်နေ့ ညပိုင်းက ပင်နီဆူလာပလာဇာအနီးမှာ ခိုက်ရန်ဖြစ်ပွားခဲ့လို့ ဖမ်းဆီးခဲ့ပြီးနောက် အောက်တိုဘာလ ၁၃ ရက်နေ့မှာ တရားရုံးကြားနာပြီး ထောင်ဒဏ် ချမှတ်ခဲ့တာပါ။ ထောင်ဒဏ်ချမှတ်ခံရတဲ့ မြန်မာနိုင်ငံသား ၇ ဦးဟာ အလုပ်လုပ်ပိုင်ခွင့် လက်မှတ် (Work Permit) ကိုင်ဆောင်သူတွေဖြစ်ပြီး သောင်တူးစက်ဖြင့် ရေကြောင်း ရှင်းလင်းတဲ့ သဘောင်္ကျင်းတည်ဆောက်ရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်သူတွေလို့ ဆိုပါတယ်။ မြန်မာနိုင်ငံသား ၇ ဦးက စကားပြန်တွေက တဆင့် သက်ညာတဲ့အနေနဲ့ ပြစ်ဒဏ်လျော့ပေါ့ပေးဖို့ တောင်းဆိုခဲ့ပြီး သူတို့က မြန်မာနိုင်ငံက မိသားစုတွေကို ထောက်ပံ့နေရသူတွေဖြစ်လို့ ဖမ်းဆီးခံရကတည်းက သူတို့မှာ ဝင်ငွေ မရှိတာ ၄ လ ရှိပြီလို့ တရားရုံးကို ပြောပါတယ်။ ခရိုင်တရားသူကြီး အင်မ်ရန်ဟာမစ်ဒ်က စင်ကာပူနိုင်ငံဟာ ရုန်းရင်းဆန်ခတ်မှုနဲ့ပတ်သက်ရင် အရမ်းအလေးအနက်ထားကြောင်း၊ ဒီလိုထောင်ဒဏ် ချမှတ်တာက လစ်တဲမြန်မာလို့ သတ်မှတ်နေတဲ့ ပင်နီဆူလာမှာ နောက်မဖြစ်လာအောင် သတိပေးတာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ရာဟူးနယူးစ်သတင်းမှာ အောက်တိုဘာလ ၁၃ ရက်နေ့က ဖြော်ပပါတယ်။ ထောင်ဒဏ်ချမှတ်ခံရသူတွေက အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်နဲ့ ကြိမ်ဒဏ် ကျခံနိုင်ဖွယ်ရာ အမှုရင်ဆိုင်ခဲ့ရတာလို့လည်း သိရပါတယ်။ စင်ကာပူနိုင်ငံသား ၃ ဦးကိုတော့ ဘယ်လိုပြစ်ဒဏ်ချမှတ်ခဲ့လဲ ဆိုတာတော့ သတင်းမှာ မဖော်ပြထားပါဘူး။
4 years Ago
Up