ထောင်ဒဏ်

July 16, 2019

ဗာဂျီးနီးယားတွင် ဆန္ဒပြလူအုပ်ထဲ ကားဖြင့်ဝင်တိုက်ခဲ့သည့် တရားခံအား ထောင်ဒဏ်တသက်နှင့် ၄၁၉ နှစ် ထပ်မံချမှတ်

လွန်ခဲ့တဲ့ ၂ နှစ်က ဗာဂျီးနီးယားပြည်နယ် ရှားလက်စ်ဗေးလ်မြို့မှာ ဆန္ဒပြလူအုပ်ထဲကို ကားနဲ့ဝင်တိုက်ခဲ့တဲ့ တရားခံ ဂျိမ်းစ်အဲလက်စ်ဖီးလ်ကို ဇူလိုင် ၁၅ ရက်နေ့က ထောင်ဒဏ်တသက်နဲ့ ၄၁၉ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ တရားခံ ဖီးလ်ဟာ ၂၀၁၇ ခုနှစ် သြဂုတ် ၁၂ ရက်နေ့က ရှားလက်စ်ဗေးလ်မြို့မှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှု စွဲချက်တွေမှာ အပြစ်ရှိကြောင်း ဝန်ခံပြီးနောက် အာမခံမရဘဲ လက်ရှိ ထောင်ဒဏ် တသက်တကျွန်းပြစ်ဒဏ် ကျခံနေရတဲ့အတွက် အခု ပြစ်ဒဏ်ဟာ ဒုတိယမြောက် ထောင်ဒဏ်တသက် ချမှတ်ခံရတာ ဖြစ်ပါတယ်။ ဖီးလ်ဟာ တရားရုံးကြားနာမှုကို ထောင်ဝတ်စုံနဲ့ လာရောက်နားထောင်ခဲ့ပါတယ်။ ရှားလက်စ်ဗေးလ် တရားရုံး ရှေ့နေက တရားခံ ဖီးလ်ဟာ ထောင်ဒဏ်နဲ့ ငွေဒဏ် ဒေါ်လာ ၄၈၀,၀၀၀ ကို ဆက်တိုက်ကျခံရမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ရှားလက်စ်ဗေးလ်မြို့ ဆန္ဒပြလူအုပ်ထဲကို ဖီးလ်က ကားနဲ့ ဝင်တိုက်ခဲ့တာကြောင့် ဟက်သာဟေယာဆိုသူ အမျိုးသမီးတဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။
2 years Ago

March 12, 2019

ဂျူးပြတိုက်အတွင်း လူ ၄ ဦး ပစ်သတ်မှုဖြင့် ပြင်သစ်နိုင်ငံသားအား ထောင်ဒဏ်တသက် ချမှတ်

၂၀၁၄ ခုနှစ်က ဂျူးပြတိုက်အတွင်း လူလေးဦးကို ပစ်သတ်မှုနဲ့ ပြင်သစ်နိုင်ငံသား မဲဂျီနေမို့ရှ်ကို ဘယ်လ်ဂျီယံတရားရုံးက မတ်လ ၁၂ ရက်နေ့မှာ ထောင်ဒဏ်တသက်တကျွန်း ချမှတ်လိုက်ပါတယ်။ ခုံသမာဓိ တရားသူကြီးအဖွဲ့က ၈ နာရီကြာ ဆွေးနွေးစဉ်းစားပြီးနောက် ပြစ်ဒဏ်ချမှတ်လိုက်တာပါ။ နောက် ပြင်သစ်နိုင်ငံသားတဦးဖြစ်တဲ့ နက်ဆာဘဟန်ဒါကိုတော့ ကြံရာပါမှုနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ပါတယ်။ သူကတော့ ပစ်ခတ်ရာမှာသုံးတဲ့ သေနတ်ကို ထောက်ပံ့ခဲ့လို့ ပြစ်ဒဏ် ချမှတ်ခံရတာပါ။ အဲဒီလို ပစ်ခတ်တာကြောင့် အစ္စရေး ကမ္ဘာလှည့်ခရီးသွား နှစ်ဦးနဲ့ ပြတိုက်ဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ပါတယ်။ ဒါဟာ ဆီးရီးယားက ပြန်လာတဲ့ အနောက်ဥရောပသား တဦးရဲ့ ပထမဆုံး တိုက်ခိုက်မှုဖြစ်ပြီး ဒီတိုက်ခိုက်မှုဟာ မိခင်နိုင်ငံပြန်လာတဲ့ ဂျီဟတ်ဝါဒီတွေရဲ့ ခြိမ်းခြောက်မှုကို မီးမောင်းထိုးပြနေပါတယ်။
2 years Ago
More News
Up