ထောင်တွင်း အကျဉ်းသားချင်း လက်ဝှေ့ထိုးသတ်သည့် ထိတ်လန့်ဖွယ်ရုပ်သံ ပျံ့နှံ့

February 9, 2017

ထောင်တွင်း အကျဉ်းသားချင်း လက်ဝှေ့ထိုးသတ်သည့် ထိတ်လန့်ဖွယ်ရုပ်သံ ပျံ့နှံ့

ဗြိတိန်အကျဉ်းထောင်တခုတွင်းမှ အကျဉ်းသားချင်း လက်ဝှေ့ပွဲဆန်ဆန် ရိုက် ပုတ်ထိုးသတ်ကြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလောလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒီအဖြစ်အပျက်ဟာ စတက်ဖို့ဒ်ရှိုင်းယားဒေသ၊ ဖဲသာစတုန်းအကျဉ်းထောင်တွင်းမှာ ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အကျဉ်းသားဦးရေ ၂၀ လောက်ဟာ စုဝေးနေခဲ့ကြကာ ထိုးသတ်နေမှုကို အော်ဟစ်အားပေးနေခဲ့ကြတာကို တွေ့ရပါတယ်။ ထိုးသတ်နေတဲ့ အကျဉ်းသား ၂ ဦးဟာ အပေါ်ပိုင်းဗလာကျင်းအခြေအနေနဲ့ တဦးနဲ့တဦး ပြင်းပြင်းထန်ထန် ထိုးသတ်နေခဲ့ကြတာပါ။ ဗြိတိန်အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေကို မိုဘိုင်းဖုန်းကိုင်ဆောင်ခွင့် တားမြစ်ထားတာဖြစ်ပေမယ့် ဒီအဖြစ်အပျက်ကို အကျဉ်းသားတွေက မိုဘိုင်းလ်ဖုန်း ၃ လုံးနဲ့ ရိုက်ယူထားခဲ့ကြတာလို့ သတင်းမှာ ဖော်ပြပါတယ်။ အကျဉ်းသား ၂ ဦးဟာ အကြိတ်အနယ်ထိုးသတ်ကြအပြီးမှာ တယောက်က ကြမ်း ပြင်ပေါ်လဲကျသွားခဲ့တာပါ။ ဘေးက ကြည့်ရှုနေတဲ့ အကျဉ်းသားတွေဟာ အော်ဟစ်ကာ အားပေးနေခဲ့ကြပြီး အခန်းတံခါးကို ပိတ်ထားလိုက်ဖို့ ပြောဆိုနေကာ သူတို့ထဲကတယောက်ကတော့ ဒီထဲကို တာဝန်ရှိသူ တယောက်မှ မလာဘူးလို့ ပြန်ပြောခဲ့တာပါ။ ရုပ်သံဗွီဒီယိုပြီးဆုံးကာနီးအချိန်မှာတော့ အကျဉ်းထောင်တာဝန်ရှိသူတွေက သိရှိသွားခဲ့ပြီး လူစုခွဲခဲ့ကြရတယ်လို့သတင်းမှာ ဖော်ပြပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန် ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့တာပါ။ ဒီအကျဉ်းထောင်ဟာ အမျိုးသားသီးသန့်ထားရှိတဲ့ စီအဆင့် အကျဉ်းထောင်တခုဖြစ်ပြီး အ ကျဉ်းသားဦးရေ ၆၀၀ ကျော်ထားရှိတာပါ။
4 years Ago
Up