ထောက်ပံ့ရေးပစ္စည်းများ

February 23, 2017

ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်ထားသည့်ဒုံးပျံ ရုရှား လွှတ်တင်

နိုင်ငံတကာအာကာသစခန်းကို တင်ပို့တဲ့ ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်သွားတဲ့ ဒုံးပျံတစင်းကို ရုရှားနိုင်ငံက ဖေဖော်ဝါရီ ၂၂ ရက်နေ့က လွှတ်တင်လိုက်ပါတယ်။ ကာဇက်စတန်နိုင်ငံမှာရှိတဲ့ ရုရှားနိုင်ငံရဲ့ ဘိုင်ကော်နာ Baikonur ဒုံးပျံလွှတ်တင်ရေး စခန်းကြီးကနေ လွှတ်တင်လိုက်တာပါ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက နိုင်ငံတကာ အာကာသစခန်းအတွက် လောင်စာနဲ့ တခြားထောက်ပံ့ရေးပစ္စည်း တန်ချိန် ၂ တန်ခွဲနီးပါး သယ်ဆောင်သွားတဲ့  အာသာယာဉ်ဟာ အမြင့်ကီလိုမီတာ ၂၀၀ လောက်မှာ မီးလောင်ပျက်စီးပြီး မအောင်မမြင်ဖြစ်ခဲ့ အပြီး ပထမဆုံး ပြန်လည်လွှတ်တင်တဲ့ ဒုံးပျံလည်းဖြစ်ပါတယ်။ ဒီအာကာသယာဉ်ကိုလည်း ဆိုယုစ် Soyuz ဒုံးပျံက သယ်ဆောင်သွားပြီး လောင်စာနဲ့ ထောက်ပံ့ပစ္စည်း ၂ တန်ကျော် သယ်ဆောင်သွားပါတယ်။ နိုင်ငံတကာ အာကာသစခန်းကိုတော့ လာမယ့် သောကြာနေ့မှာ ရောက်ရှိ ချိတ်ဆက်မှာ ဖြစ်ပါတယ်။
4 years Ago
Up