တွေ့ရှိ လေယာဉ်အပိုင်းအစ MH 370 နှင့် အမျိုးအစားတူဟု မလေးပြော

August 2, 2015

တွေ့ရှိ လေယာဉ်အပိုင်းအစ MH 370 နှင့် အမျိုးအစားတူဟု မလေးပြော

အိန္ဒိယ သမုဒ္ဒရာတွင်းက ပြင်သစ်ပိုင် ရီယူနီယံ ကျွန်းပေါ်မှာ တွေ့ရတဲ့ လေယာဉ် အစိတ်အပိုင်းဟာ MH 370 နဲ့ အမျိုးအစားတူတဲ့ ဘိုအင်း ၇၇၇ လေယာဉ် အစိတ်အပိုင်း ဖြစ်တယ်လို့ မလေးရှားက ပြောပါတယ်။ ၂၀၁၄ ခုနှစ် မတ် ၈ ရက်က လူ ၂၃၉ ဦး တင်ဆောင်လာတဲ့ ဘီဂျင်းကနေ ကွာလာလမ်ပူကို ပျံသန်းလာရင်း အစအနမရဘဲ ပျောက်ဆုံးနေတဲ့ MH 370 လေယာဉ်ဟာ ဘိုအင်း ၇၇၇ အမျိုးအစားလေယာဉ်လည်း ဖြစ်ပါတယ်။ ပြင်သစ် အာဏာပိုင်၊ လေယာဉ်ထုတ်လုပ်တဲ့ ဘိုအင်း၊ အမေရိကန်ပြည်ထောင်စုက အမျိုးသား သယ်ယူပို့ဆောင်မှု လုံခြုံချောမွေ့စေရေး ဘုတ်အဖွဲ့ မလေးရှားအဲလိုင်း၊ မလေးရှား လေကြောင်း ဌာန၊ MH370 စုံစမ်းစစ်ဆေးရေး အဖွဲ့တို့ ပူးပေါင်း စစ်ဆေးခဲ့တာလို့ မလေးရှား သယ်ယူပို့ဆောင်ရေး ၀န်ကြီးက ပြောပါတယ်။ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေကိုလည်း ပြင်သစ် တူးလောစ်မှာ ဇူလိုင် ၅ ရက်နေ့မှာ လုပ်ဆောင်သွားမယ်လို့ သူက ပြောပါတယ်။ မလေးရှား လေကြောင်း ဌာနကလည်း လေယာဉ်အစိတ်အပိုင်းတွေကို စစ်ဆေးဖို့ ပြင်သစ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ လေယာဉ်အစိတ်အပိုင်းတွေ့ရှိပြီးတဲ့နောက် ဒီအစိတ်အပိုင်းဟာ လေယာဉ် MH 370 က ဖြစ်နိုင်တယ်လို့ ယုံကြည်တဲ့အကြောင်း အမေရိကန် စုံစမ်းစစ်ဆေးသူတွေက ပြောဆိုပါတယ်။
6 years Ago
Up