တွေ့ဆုံဆွေးနွေး

February 2, 2018

ကေအိုင်အိုနှင့် တပ်မတော်တို့ နိုင်ငံရေးဆွေးနွေးပွဲဆီသွားနိုင်ရန် တွေ့ဆုံဆွေးနွေး

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကေအိုင်အိုနဲ့ တပ်မတော်တို့အကြား အလွတ်သဘောတွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေးပွဲဆီသွားနိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘိုက ဒီဗွီဘီကို ပြောပါတယ်။ ဖေဖော်ဝါရီ ၁ ရက်က နှစ်ဘက်ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပြီး ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ “ကေအိုင်အေဘက်က ဥက္ကဋ္ဌကြီး ဦးစီးဦးဆောင်ပြီး လုပ်ဆောင်တယ်လို့ ကြားမိပါတယ်။ တိုက်ပွဲတွေ၊ စစ်ပွဲတွေက တော်တော်ပြင်းထန်နေတဲ့ အချိန်ဖြစ်ပါတယ်။ တိုက်ပွဲကနေ နိုင်ငံရေးဆွေးနွေးပွဲသို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီနိုင်ငံရေးဆွေးနွေးပွဲ လုပ်နိုင်ဖို့အတွက် လမ်းကြောင်းလမ်းစတွေ၊ အခွင့်အရေးတွေ အခြေအနေတွေကို ဖန်တီးနိုင်ရေးအတွက် ခုလိုမျိုးတွေ့ဆုံတဲ့ သဘောမျိုးဖြစ်နိုင်တယ်လို့ ကျနော် ယူဆပါတယ်။” ဘယ်နေရာမှာ တွေ့ဆုံခဲ့ကြတယ် တပ်မတော်ဘက်က ဘယ်သူတွေ တက်တယ်ဆိုတာတော့ပြောဆိုခဲ့ခြင်းမရှိပါဘူး။ ပြင်ပမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ကေအိုင်အိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တပ်မတော်ဘက်က ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ဟာ တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ နယ်စပ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။ ကေအိုင်အိုတပ်ဖွဲ့ဟာ အန်စီအေ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးသေးတဲ့ တပ်ဖွဲ့ဖြစ်ပြီး လတ်တလော တနိုင်းဒေသမှာ တပ်မတော်နဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။
4 years Ago

October 14, 2017

ဧရာဝတီတိုင်းဒေသကြီးတွင် မဏ္ဍိုင် ၄ ရပ် တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီးမှာ မဏ္ဍိုင် (၄) ရပ် တွေ့ဆုံဆွေးနွေးပွဲကို ဒီကနေ့နက် ၉ နာရီခွဲကစတင်ပြီး ပုသိမ်မြို့ မြို့တော်ခန်းမမှာ ကျင်းပပါတယ်။ ဆွေးနွေးပွဲကို အုပ်ချုပ်ရေးမဏ္ဍိုင်က တိုင်းဒေသကြီးဝန်ကြီးတွေ၊ ဌာနဆိုင်ရာ တိုင်းအဆင့် ခရိုင်အဆင်အရာရှိတွေ၊ ဥပဒေပြုရေးမဏ္ဍိုင်အနေနဲ့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တရားစီရင်ရေးကဏ္ဍက တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ ဥပဒေချုပ် အပါအဝင် တရားသူကြီးတွေ ဥပဒေအရာရှိတွေ တက်ရောက်နေပြီး သတင်းမီဒီယာတွေနဲ့ပတ်သက်လို့ ဆွေးနွေးတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာ မဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲတွေ ဦးဆောင်ကျင်းပနေပါတယ်။ သတင်းမီဒီယာတွေနဲ့ မဏ္ဍိုင်ကြီးသုံးရပ်အကြားမှာ ဆက်သွယ်ဆောင်ရွက်မှုတွေ အဆင်ပြေစေဖို့ ဒီပွဲတွေကနေ ညှိနှိုင်းဆောင်ရွက်ကာ အချက်အလက်တွေကောက်ယူပြီး ဗဟိုအဆင့်အနေနဲ့ မူဝါဒတွေချမှတ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ သတင်းနှင့်ဓာတ်ပုံ - သော်ဇင်မျိုး
4 years Ago
More News
Up