တွေ့ဆုံ

April 25, 2018

ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး တွေ့ဆုံ

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး ဆောင်တာအိုဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နေအိမ်မှာ တွေ့ဆုံပါတယ်။ တွေ့ဆုံပွဲကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်လည်း တက်ရောက်ခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးဟာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနဲ့လည်း နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှာ မနေ့ညနေက သီးခြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။ ဓာတ်ပုံ-MOI
3 years Ago

March 23, 2018

JMC ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စောင့်ကြည့်ရေးကော်မတီဝင်များနှင့် ပြည်သူ တွေ့ဆုံ

မွန်ပြည်နယ် (JMC) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အဖွဲ့ဝင်တွေနဲ့ ပြည်သူလူထုတွေ့ဆုံပွဲကို ရေးမြို့နယ် ဟံဂံကျေးရွာ မရမ်းကျောင်းတိုက်မှာ မတ် ၂၃ ရက်နေ့ မနက် ၁၀ နာရီအချိန်က ကျင်းပသွားခဲ့တာပါ။ JMC ပစ်ခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီဝင် အရပ်သား ကိုယ်စားလှယ် ဒေါက်တာမင်းနွယ်စိုးက JMC ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်မှာ ကဏ္ဍတခုအနေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေအပြင် အရပ်သားပြည်သူတွေနဲ့ ပတ်သက်ပြီး စောင့်ထိန်းလိုက်နာရမယ့် စည်းကမ်းတွေ တက်ရောက်လာသူတွေကို ချပြရှင်းလင်း ပြောသွားခဲ့တာပါ။ အန်စီအေ လက်မှတ်ထိုးထားပြီးဖြစ်တဲ့ အဖွဲ့အစည်းတွေနဲ့ လက်ရှိ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ အချိန်ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အကောင်အထည်ဖော်ရမယ့် အခြေနေတွေ၊ လက်နက်ကိုင်ပဋိက္ခ ဖြစ်ပွားရတဲ့ အခြေအနေတွေထက် ပြည်သူတွေရဲ့ ဆန္ဒတွေဖြစ်တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ အစိုးရ ပြည်သူတရပ်လုံး ပူးပေါင်းဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ JMC ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီဝင် နော်ဆာထူးက ပြောပါတယ်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေအရ ရှောင်ကြဉ်ရမယ့်ကိစ္စရပ်တွေကို JMC တက်ရောက်လာသူတွေကို ကဏ္ဍများအလိုက် ရှင်းလင်းပြောကြားသွားခဲ့သလို ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ရှေ့လုပ်ငန်းစဉ်ကို ပြည်သူတွေ ပိုမိုသိမြင်နားလည်စေဖို့ ထည့်သွင်းပြောကြားသွားခဲ့တာပါ။ ပြည်သူလူထုတွေ့ဆုံပွဲကို JMC ကော်မတီဝင်တွေနဲ့ မြို့နယ်သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူတွေ၊ ဖိတ်ကြားထားတဲ့ ဒေသခံတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သတင်း - နေမျိုးထွဋ်(ရေး)
3 years Ago
More News
Up