တောဝက်ဘောလုံးအသင်း

July 7, 2018

ဂူထဲပိတ်မိနေသည့် တောဝက်ဘောလုံးအသင်းနည်းပြက ကလေးမိဘများကို တောင်းပန်

ဒေသခံဘောလုံးအသင်းဝင် ကလေးငယ်တွေနဲ့ လိုဏ်ဂူထဲ နှစ်ပတ်ကျော်ကြာပိတ်မိနေတဲ့ အသက် ၂၅ နှစ်အရွယ် ဘောလုံးအသင်းနည်းပြဖြစ်သူက ကလေးတွေရဲ့ မိဘတွေကို တောင်းပန်ခဲ့တယ်လို့ NewsBytes သတင်းမှာဖော်ပြပါတယ်။ နည်းပြရဲ့ တောင်းပန်စကား ပြောကြာမှုကို ထိုင်းရေတပ်က ဇူလိုင် ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ ထိုင်းနိုင်ငံဟာ ဂူထဲမှာ ရက်အတန်ကြာပိတ်မိနေတဲ့ ဘောလုံးအသင်းအဖွဲ့ဝင်တွေကို ကယ်ထုတ်နိုင်ရေးအတွက် နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပြီး မိုးသည်းထန်စွာ ရွာသွန်တာနဲ့ ဂူအတွင်း အောက်စီဂျင်နည်းပါးလာလို့ ကယ်ဆယ်ရေးသမားတွေနဲ့အတူ အပြင်မှာ စောင့်ဆိုင်နေတဲ့ မိသားစုဝင်တွေ စိုးရိမ်သောက ဖြစ်စေလျက်ရှိရုံမက ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း နှောင့်နှေးကြန့်ကြာခဲ့ရပါတယ်။ နည်းပြဖြစ်သူ အိတ်ကပိုး ချန်ဝွန်နဲ့အတူ အသက် ၁၁ နှစ်ကနေ ၁၆ နှစ်အတွင်းမှာရှိတဲ့ အားကစားသမာလေးတွေကို ဂူထဲမှာပျောက်ဆုံးသွားခဲ့ပြီး ၉ ရက်အကြာမှာမှ ကယ်ဆယ်ရေးသမားတွေက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပိတ်မိနေသူထဲမှာ ချန်တာဝွန်က အသက်အကြီးဆုံးဖြစ်တာကြောင့် သူဟာ ကလေးတွေ ဂူထဲဝင်မှာကို မတားဆီးနိုင်ခဲ့တဲ့အတွက် အချို့က ပြင်းပြင်းထန်ထန် ဝေဖန်နေပေမယ့် တချို့ကလည်း ၉ ရက်လုံး ကလေးတွေကို အစားအစာတွေ မျှဝေပေးတာ၊ ဘေးလွတ်ရာကို ဦး ဆောင်လမ်းပြနိုင်တာ စတဲ့လုပ်ရပ်တွေအတွက် ချီးကျူးဂုဏ်ပြုနေကြပါတယ်။ ချန်တာဝွန်က “ကလေးတွေအားလုံး အခြေအနေကောင်းပြီး သူတို့အားလုံးကို သေသေချာချာ ဂရုစိုက်သွားမှာပါလို့ ကတိပေးကြောင်း” မိဘတွေကို ပြောဆိုထားပါတယ်။ ဒါတင်မကသေးဘဲ သူ့ရဲ့အဘွားနဲ့အဒေါ်ဖြစ်သူကိုလည်း သူ့အတွက် မစိုးရိမ်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြဖို့ ချန်တာဝွန်က ပြောကြောင်း ထိုင်းရေတပ်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားတယ်လို့ သိရပါတယ်။
3 years Ago
Up