တော်ဝင်မိသားစုကို စော်ကားမှုဖြင့် ထိုင်း ၃ ဦး ထောင်ဒဏ်များ ချမှတ်ခံရ (ရုပ်သံ)

A d v e r t i s e m e n t With Us

October 22, 2015

တော်ဝင်မိသားစုကို စော်ကားမှုဖြင့် ထိုင်း ၃ ဦး ထောင်ဒဏ်များ ချမှတ်ခံရ (ရုပ်သံ)

ထိုင်းတော်ဝင်မိသားစုကို စော်ကားမှုနဲ့ အောက်တိုဘာ ၂၁ ရက်နေ့မှာ ထိုင်းစစ်ခုံရုံးက ထိုင်းနိုင်ငံသား ၃ ဦးကို ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ထိုင်းတော်ဝင်မိသားစုကို ပုတ်ခတ်စော်ကားမှုဟာ အပြင်းထန်ဆုံးပြစ်ဒဏ်တွေ ချမှတ်ခံရပြီး အများဆုံး ထောင်ဒဏ် ၁၅ နှစ်ကျခံရနိုင်တာပါ။ ၂၀၁၄ မေလက ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့ပြီး နောက်ပိုင်း ရာဇ၀တ်မှုတွေကို ပြတ်ပြတ်သားသားအရေးယူမယ်လို့ သတိပေးထားသလို လက်တွေ့လည်း လုပ်ဆောင်နေတာပါ။ ထိုင်းဒုရဲချုပ်က သူတို့ ၃ ဦးလုံးဟာ နန်းတော်နဲ့ပတ်သက်တဲ့ ပြစ်မှုကျူးလွန်ထားပြီး သူတို့ကို စစ်ဆေးမှုကတဆင့် တခြားပါဝင်ပတ်သက်သူတွေလည်း စစ်ဆေးဖော်ထုတ်သွားမယ်လို့ ပြောဆိုပါတယ်။ အခုထောင်ဒဏ်ချခံရသူ ၃ ဦးထဲမှာ တဦးက ရဲတပ်ဖွဲ့ဝင်တဦးဖြစ်ပြီး ကျန် ၂ ဦးကတော့ အရပ်သားတွေဖြစ်ကြပါတယ်။ အရပ်သားတဦးကတော့ အရင်က ထိုင်းအိမ်ရှေ့မင်းသားရဲ့ ၀န်ထမ်းတဦးဖြစ်ခဲ့ပြီး သူ့မှာ အပြစ်ရှိတယ်လို့ ၀န်ခံခဲ့ပါတယ်။ ကျန် ၂ ဦးကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ထိုင်းအိမ်ရှေ့စံရဲ့ ကြင်ရာတော်ဖြစ်ခဲ့တဲ့ Srirasmi Suwadee ရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးမှုနဲ့ ဆက်စပ်ပြီး သူတို့ ၃ ဦး ဖမ်းဆီးခံရတာပါ။ Srirasmi လည်း တော်ဝင်အဆောင်အယောင်တွေအားလုံး ရုပ်သိမ်းခံရပြီး ဖမ်းဆီးခံထားရတဲ့ သူ့ရဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးတွေကို စစ်ခုံရုံးမှာ ရုံးတင်စစ်ဆေးမှာဖြစ်ပါတယ်။
5 years Ago
Up