အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက် အသင်းက အီတလီ စီးရီးအေ တော်ရီနိုက မက်သီယို ဒါမီယန်ကို ၄ နှစ်သက်တမ်းစာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူလိုက်ပါတယ်။
ပေါင် ၁၂ ဒသမ ၇ သန်းနဲ့ ခေါ်ယူလိုက်ပေမယ့် ခြေစွမ်းကိုကြည့်ပြီး ပေါင် ၁၄ ဒသမ ၄ သန်းအထိ မြင့်သွားနိုင်တယ်လို့ ဗြိတိန် ဒေးလီးမေးလ်မှာ ရေးပါတယ်။
အသေးစိတ်ကို ရှေ့နေတွေက ဆွေးနွေးနေဆဲဖြစ်ပြီး သဘောတူညီချက်ကို ၂၄ နာရီအတွင်း ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
မန်ယူအသင်းက ခေါ်ယူမယ့်သတင်း ထွက်လာပြီးတဲ့နောက် သူ့ကို စိတ်မဆိုးကြဖို့ တော်ရီနို ပရိသတ်တွေကို ဒါမီယန်က အိတ်ဖွင့်ပေးစာကနေတဆင့် ပြောဆိုလိုက်ပါတယ်။
အလယ်နဲ့ ညာနောက်ခံလူ အသက် ၂၅ နှစ်အရွယ် ဒါမီယန်ဟာ ဒီပေး ပြီးရင် မန်ယူက ဒုတိယမြောက် ခေါ်ယူမယ့် ကစားသမား ဖြစ်လာမှာပါ။
အရပ် ၆ ပေရှိတဲ့ ဒါမီယန်ဟာ တော်ရီနိုအသင်းမှာ ဘောလုံးရာသီ ၃ ရာသီအထိ ပါဝင်ကစားပေးခဲ့ပါတယ်။
ဘရာဇီးလ် ကစားသမား ရာဖေးလ်ကို ညာနောက်ခံလူနေရာမှာ မကစားသင့်ဘူးလို့ နည်းပြ ဗန်ဂေါက ဆုံးဖြတ်ခဲ့အပြီးမှာတော့ ဒီနေရာအတွက် ကစားသမား လိုအပ်နေတာ ဖြစ်ပါတယ်။
6 years Ago