တော့တီ

A d v e r t i s e m e n t With Us

September 12, 2016

၂၃ ရာသီဆက်တိုက် ဂိုးသွင်းနိုင်သည့် ကစားသမားအဖြစ် တော့တီ စံချိန်တင်

ရိုးမားတိုက်စစ်မှူး တော့တီဟာ အီတလီစီးရီးအေ ၂၃ ရာသီဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ အသက် ၃၉ နှစ်ရှိ တော့တီဟာ စက်တင်ဘာ ၁၁ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆမ်ဒိုရီးယားနဲ့ပွဲမှာ နောက်ကျ ပင်နယ်တီဂိုးသွင်းပြီး အခုလို စံချိန်တင်ခဲ့တာပါ။ တော့တီဟာ ၁၉၉၂ ခုနှစ်ကတည်းက ရိုးမားအသင်းမှာ စတင်ကစားခဲ့တာဖြစ်ပြီး ၂၅ ရာသီမှာ ၂၃ ရာသီဆက် ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီဟာ တော့တီအတွက် နောက်ဆုံးယှဉ်ပြိုင်ကစားတဲ့နှစ်ဖြစ်ပြီး ရာသီကုန်ရင် ကစားသမားဘ၀က အနားယူမှာ ဖြစ်ပါတယ်။ အီတလီလက်ရွေးစင်ဟောင်း တော့တီဟာ ရိုးမားအသင်းအတွက် ၇၅၉ ပွဲ ကစားထားပြီး ပွဲအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားသလို ပြိုင်ပွဲအရပ်ရပ်မှာ ၃၀၅ ဂိုးသွင်းထားပြီး ရိုးမားအတွက် ဂိုးအများဆုံးသွင်းယူပေးတဲ့ ကစားသမားအဖြစ်လည်း စံချိန်တင်ထားသူ ဖြစ်ပါတယ်။
4 years Ago
Up