တော့တင်ဟမ်ဟော့စပါး ၂- ၁ အန်ဒါလက်ခ်ျ

A d v e r t i s e m e n t With Us

November 6, 2015

တော့တင်ဟမ်ဟော့စပါး ၂- ၁ အန်ဒါလက်ခ်ျ (ရုပ်သံ)

နိုဝင်ဘာ ၅ ရက်က ယူရိုပါလိဂ် အုပ်စု (ည) ပွဲစဉ်မှာ အင်္ဂလန် ပရီးမီးယားလိဂ်က တော့တင်ဟမ်ဟော့စပါးက ဘယ်ဂျီယံ အန်ဒါလက်ခ်ျကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ စပါးအသင်းအတွက် အဖွင့်ဂိုးကို ပထမပိုင်း ၂၉ မိနစ်မှာ ဟာရီကိန်းက သွင်းယူခဲ့ပြီး ပထမပိုင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၇၂ မိနစ်မှာ အန်ဒါလက်ခ်ျက အက်ဇီကေက ချေပဂိုးသွင်းယူခဲ့ပေမယ့် ၈၇ မိနစ်မှာ စပါးရဲ့ ဒုတိယမြောက် သွင်းဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ဒီပွဲအနိုင်ရတဲ့ အတွက် အုပ်စု ညမှာ စပါးအသင်းက ၄ ပွဲကစား ၇ မှတ်နဲ့ ပထမ၊ မိုနာကိုက ၄ ပွဲကစား ၆ မှတ်နဲ့ ဒုတိယ၊ အန်ဒါလက်ခ်ျက ၄ ပွဲကစား ၄ မှတ်နဲ့ တတိယ၊ ကွာရာဘတ်က ၄ ပွဲကစား ၄ မှတ်နဲ့ စတုတ္ထနေရာက ရပ်တည်နေပါတယ်။ နိုဝင်ဘာ ၂၆ မှာတော့ ကွာရာဘတ်နဲ့ စပါးကစားရမှာ ဖြစ်ပြီး အန်ဒါလက်ခ်ျကတော့ မိုနာကိုနဲ့ ကစားရမှာ ဖြစ်ပါတယ်။
5 years Ago
Up