တော့တင်ဟမ်ဟော့စပါးစ်က စတုတ်ကို ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူ

February 27, 2017

တော့တင်ဟမ်ဟော့စပါးစ်က စတုတ်ကို ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၂၆ ရက်နေ့က ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ မှာ တော့တင်ဟမ်ဟော့စပါးစ်က တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ ဟက်ထရစ်ဂိုး အပါအဝင် ၄ ဂိုး ဂိုးမရှိနဲ့ စတုတ်ကို အနိုင်ရသွားပါတယ်။ လောလောလတ်လတ် ယူရိုပါလိဂ်က ထွက်ခဲ့ရလို့ စိတ်ပျက်နေရတဲ့ စပါးစ်ပရိသတ်တွေအတွက် ဒီဂိုးပြတ်နိုင်ပွဲက ဖြေသိမ့်ရာ ရခဲ့ပါတယ်။ ဒီပွဲမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ပွဲချိန် ၁၄ မိနစ်၊ ၃၂ မိနစ်နဲ့ ၃၇ မိနစ်တွေမှာ ၃ ဂိုး ဆက်သွင်းပေးခဲ့သလို ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ စပါးစ်အတွက် ပွဲသိမ်းအနိုင်ဂိုးကိုတော့ ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုမှာ တိုက်စစ်မှူး အယ်လီက သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့တွက် စပါးစ်အသင်းဟာ မန်စီးတီးအသင်းထက် တပွဲပို၊ တမှတ်အသာနဲ့ အမှတ်ပေးဇယား ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ စတုတ်ကတော့ ရမှတ် ၃၂ မှတ်နဲ့ အဆင့် ၁၀ မှာပဲ ရပ်တည်နေပါတယ်။
4 years Ago
Up