ဒီဇင်ဘာ ၂၈ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါး အသင်းက ဆောက်သမ်တန်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲရဲ့ ဦးဆောင်ဂိုးကို ပွဲအစ ၂ မိနစ်မှာ ဗန်ဒရစ်က ဆောက်သမ်တန်အတွက် သွင်းယူပေးပါတယ်။
စပါးအတွက် ချေပဂိုးကို ၁၉ မိနစ်မှာ အလီက သွင်းယူပါတယ်။
စပါးဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။
ဒုတိယဂိုးကို ၅၇ မိနစ်မှာ စပါးတိုက်စစ်မှူး ကိန်းက သွင်းယူပါတယ်။
၅၇ မိနစ်မှာတော့ အိမ်ရှင် ဆောက်သမ်တန်အသင်းက တယောက်အထုတ်ခံလိုက်ရပါတယ်။
အဲဒီနောက်ပိုင်းမှာ စပါး စိတ်ကြိုက်ကစားသွားပြီး တတိယဂိုးကို ၈၅ မိနစ်မှာ ဆွန်ဟိုင်မင်း၊ အပိတ်ဂိုးကို ၈၇ မိနစ်မှာ အလီက သွင်းယူပြီး အနိုင်ရသွားပါတယ်။
ဒီပွဲနိုင်တဲ့ စပါးက ၃၆ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရှိနေပြီး ဆောက်သမ်တန်က ၂၄ မှတ်နဲ့ အဆင့် ၈ မှာ ရပ်တည်နေပါတယ်။
6 years Ago