တောခွေးအ

March 22, 2017

တောခွေးအ,တကောင်လုံးကို ဝါးမျိုစားသောက်ခဲ့သည့် ဧရာမစပါးကြီးမြွေ (ရုပ်သံ)

စပါးကြီးမြွေတွေရဲ့ သဘာဝဟာ တကယ့်ကို ထူးဆန်းပါတယ်။ သူတို့ဟာ သားကောင်ကို ညှို့ယူပြီး ရစ်ပတ်ဆွဲဆန့်ကာ သေသွားပြီဆိုမှ ဝါးမျို စားသောက်တတ်ကြတာမျိုးပါ။ ဘယ်လောက်ကြီးမားတဲ့ သားကောင်ဖြစ်နေပါစေ၊ သူတို့ဟာ ဝါးမျိုနိုင်တဲ့ အစွမ်းတမျိုး ရှိနေတာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ စပါးကြီးမြွေကြီးဟာ သူ့ထက် အရွယ်အစားကြီးမားတဲ့ တောခွေးအ,တကောင်လုံးကို ဝါးမျိုနေခဲ့တာကို ထိတ်လန့်ဖွယ် တွေ့မြင်ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ကင်ညာနိုင်ငံ သားရိုင်းတိရစ္ဆာန် ဘေးမဲ့တော တနေရာမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဒတ်ခ်ျလူမျိုး ဂျော့စ် ဘိတ်ခ်ကာက ယူကျုအင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာပါ။ စပါးကြီးမြွေကြီးဟာ တောခွေးအ,ကို တဖြည်းဖြည်းချင်း ဝါးမျိုစားသောက်နေခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
5 years Ago
Up