တောရက်စ် ဦးခေါင်းဒဏ်ရာ

March 5, 2017

တောရက်စ် ဦးခေါင်းဒဏ်ရာသက်သာ၍ ဆေးရုံးက ဆင်းပြီ

အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်ဟာ ဦးခေါင်းမှာ ထိခိုက်ထားတဲ့ ဒဏ်ရာကနေ သက်သာလာတဲ့အတွက် ဆေးရုံကနေ မနေ့က ဆင်းနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး တော်ရက်စ်ဟာ မတ် ၂ ရက်နေ့က ဒီပိုတီဗိုအသင်းနဲ့ ၁ ဂိုးစီ သရေကျတဲ့ပွဲမှာ ခေါင်းမှာ ထိခိုက် ဒဏ်ရာရခဲ့တာပါ။ တောရက်စ်ဟာ  တဖက်ကစားသမားနဲ့ တိုက်မိပြီး ကွင်းထဲမှာ သတိလစ်သွားလို့ ဆေးရုံမှာ ၄၈ နာရီကြာ အနားယူ ကုသခဲ့ရအပြီးမှာ ပြန်ဆင်းနိုင်တာ ဖြစ်ပါတယ်။ တိုက်စစ်မှူးကတော့ အဲဒီနေ့က အဖြစ်အပျက်မှာ ကူညီပေးတဲ့ နှစ်ဖက် ကစားသမားတွေ ပရိသတ်တွေနဲ့ ဆိုရှယ် မီဒီယာကနေ အားပေးတဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောဆိုသွားပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ အမြန်ဆုံး သက်သာ ပျောက်ကင်းပြီး ပြန်ကစားနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ဆိုထားပါတယ်။ တိုက်စစ်မှူး တောရက်စ်ဟာ လီဗာပူးနဲ့ ချဲလ်ဆီးတို့မှာလည်း ကစားခဲ့ဖူးပြီး စပိန်အသင်းကို ၂၀၀၈ မှာ ဥရောပ ချန်ပီယံ ဖြစ်အောင် ကူညီထားပါတယ်။
5 years Ago
Up