တောရက်စ်၊

May 18, 2018

အလွတ် ခေါ်ခွင့်ရမည့် ကစားသမားများထဲ တောရက်စ်၊ အမ်မရီချန်နှင့် ဝီရှိုင်းယား ပါဝင်

အခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမယ့် နာမည်ကြီး ကစားသမားတွေထဲမှာ တောရက်စ်၊ အမ်မရီချန်၊ ဝီလ်ရိုင်းယား စတဲ့ ကစားသမားတွေ ပါဝင်နေပါတယ်။ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူခွင့်ရှိတဲ့ တခြားကစားသမားတွေထဲမှာ ဘာလိုတယ်လီ၊ ချီလီနီ၊ ဖယ်လိုင်နီ၊ ကာဘာယီ၊ ယာယာတိုရေး စတဲ့ နာမည်ကြီး ကစားသမားတွေလည်း ပါဝင်ပါတယ်။ အဲဒီကစားသမားတွေဟာ သက်ဆိုင်ရာ အသင်းတွေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီ ဖြစ်တာကြောင့် ပြောင်းရွှေ့ကြေးပေးစရာမလိုဘဲ ခေါ်ယူခွင့်ရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အင်္ဂလန်ဘောလုံးလောကရဲ့ ကစားသမား အပြောင်းအရွှေ့ကာလကို မေလ ၁၇ ရက်က စတင်ဖွင့်လှစ်ထားပါတယ်။ တခြားထိပ်တန်းလိဂ်တွေဖြစ်တဲ့ လာလီဂါ၊ ဘွန်ဒက်စ်လီဂါ၊ စီးရီးအေနဲ့ လီဂူးဝမ်း တို့ကတော့ လာမယ့်ဇွန်လဆန်းမှာ စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
3 years Ago
Up