ေတာမီး

October 12, 2019

အမေရိကန် တောမီးကြောင့် ဒေသခံ ၁ သိန်းခန့် ဘေးလွတ်ရာ ရွှေ့ပြောင်း

အမေရိကန်နိုင်ငံမှာ  အောက်တိုဘာ ၁၁ ရက်က မီးဝိုင်းနေတာပါ။ အလျင်အမြန်ကူးစက်လောင်ကျွမ်းနေတဲ့ တောမီးကြောင့် လူတယောက်ထက်မနည်း သေဆုံးပြီး လော့စ်အိန်ဂျလိစ်မြို့က ဒေသခံအယောက် ၁ သိန်းလောက် နေအိမ်တွေကနေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ အရာရှိတွေက ပြောပါတယ်။  မီးဟာ ဧက ၄၇၀၀ ကျော်ကို ကူးစက်ပျံ့နှံ့ခဲ့တာပါ။ တနာရီကို ဧက ၈ ရာခိုင်နှုန်းထိ မြန်မြန်ဆန်ဆန် ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ လော့စ်အိန်ဂျလိစ်မီးသတ်ဌာနက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။  တောမီးကိုငြှိမ်းရင်း အမျိုးသားတယောက် နှလုံးဖောက်ပြန် သေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  မီးကို လုံးဝမထိန်းချုပ်နိုင်သေးဘဲ လောင်ရတဲ့အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေး နေဆဲပါ။ ဒီနှစ်အတွင်း အမေရိကန်မှာ တောမီးပေါင်း ၂၇၅ နေရာ လောင်ကျွမ်းခဲ့ပြီး မနှစ်ကတော့ နေရာ ၈၅၀၀ ကျော်မှာ တောမီးလောင်ခဲ့တာပါ။  လော့စ်အိန်ဂျလိစ်ရဲ့ အနောက်မြောက်ဘက် မြို့စွန်မှာ မီးငြှိမ်းဖို့ မြေကော်စက်တွေ မီးသတ်ရဟတ်ယာဉ်တွေနဲ့ စက်ယန္တရားကြီးတွေကို အာဏာပိုင်တွေက သုံးခဲ့ပါတယ်။ ကယ်လီဖိုးနီးယား တောမီးကိုကူညီဖို့ ပြည်ထောင်စု ရန်ပုံငွေ သုံးခွင့်ပြုလိုက်ပြီလို့ ပြည်ထောင်စု အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီ (FEMA) က သောကြာနေ့မှာ ပြောခဲ့ပါတယ်။
2 years Ago

October 11, 2019

သြစတြေးလျတွင် တောမီးကြောင့်  နေအိမ် ၇၀ ကျော် မီးလောင်၊ ၂ ဦးသေ

သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးလ်ပြည်နယ်က ကျေးလက်ဒေသမှာ တောမီးလောင်မှုကြောင့် လူနှစ်ယောက် သေဆုံးခဲ့တယ်လို့ သြစတြေးလျရဲတပ်ဖွဲ့က အောက်တိုဘာ ၁၀ ရက်မှာ ပြောပါတယ်။  သေဆုံးသူ နှစ်ယောက်ဟာ အသက် ၇၇ နှစ်အရွယ် အမျိုးသားတယောက်နဲ့ အသက် ၆၈ နှစ်အရွယ် အမျိုးသမီးတယောက်တို့ ဖြစ်ပြီး ၂ ယောက်လုံး မီးထဲမှာသေဆုံးတယ်လို့ ယူဆရကြောင်း ရဲမှူး တိုဘီလင်ဆီက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ သြစတြေးလျနိုင်ငံမှာ နွေဦးရာသီ တောမီးလောင်တာကြောင့် နေအိမ်အလုံး ၇၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက အောက်တိုဘာ ၁၀ ရက်နေ့မှာ ပြောပါတယ်။  သြစတြေးလျဟာ စံချိန်တင် အဆိုးရွားဆုံး မိုးခေါင်မှုဒဏ်ကိုလည်း ခံစားနေရတာပါ။ နယူးဆောက်သ်ဝေးလ်ပြည်နယ်မှာ အခုသီတင်းပတ် တပတ်တည်းမှာတင် မြေဧရိယာ ဧက ၂ သိန်း နီးပါး မီးလောင်နေပြီး နေရာ ၂၅ နေရာကို စောင့်ကြည့်နေတယ်လို့ ပြည်နယ်မီးသတ်ဌာန အရာရှိတွေက ပြောပါတယ်။
2 years Ago
More News
Up