ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့အပိုင် ချောင်းစောက်ကျေးရွာအုပ်စု ကတ္တရာဇကျေးရွာ အရှေ့ဘက် ၂ မိုင်ခန့်အကွာ ကျောက်လုံးကြီး (ဒေသအခေါ်) တောလျှိုမြောင်အတွင်း ဒီဇင်ဘာ ၁၀ ရက်နေ့က မီးရှို့အသတ်ခံထားရတယ်လို့ ယူဆရတဲ့ တောဆင်ရိုင်းတကောင်ကို တွေ့ရှိခဲ့ပါတယ်။
တောဆင်ရိုင်းတကောင်ရဲ့ ဦးခေါင်းခွံအရိုးစုနဲ့ ခန္ဓာကိုယ်အရိုးစု တွေ့ရှိကြောင်း တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးသက်နိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။
တောဆင်ရိုင်းအရိုးစုဟာ ပြီးခဲ့တဲ့ ၁၀ လပိုင်းက သေဆုံးခဲ့တာဖြစ်နိုင်ပြီး နွေရာသီဖြစ်တာကြောင့် အခုအရိုးစုကို တွေ့ရှိရတာဖြစ်ပြီး မိုးရာသီဆိုရင် တောင်ကျရေနဲ့အတူ မျောပါသွားနိုင်တယ်လို့ ဆိုပါတယ်။
တိုက်ကြီးမြို့နယ်မှာ ဒီဇင်ဘာ ၁ ရက်နေ့ကလည်း တရားမဝင် တောဆင်ရိုင်း ခိုးသတ်သူ ၆ ဦးကို ဖမ်းဆီးမိထားပါတယ်။
သတင်း၊ ဓာတ်ပုံ - မေသွယ်
6 years Ago