တောဆင်းရိုင်းငယ်

July 28, 2015

ချောင်းရေနှင့် မျောပါလာသည့် တောဆင်ရိုင်းငယ်ကို ကယ်တင်

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ ကျောက်ဖျာချောင်းအတွင်း ချောင်းရေနဲ့ ဆင်ငယ်တကောင်မျောပါလာတာကို သစ်တောဝန်ထမ်းတွေနဲ့ ကျေးလက်ပြည်သူများ ပူးပေါင်းပြီး ဇူလိုင် ၂၅ ရက်က ကယ်တင်နိုင်ခဲ့ပါတယ်။ အဲဒီဆင်ငယ်ဟာ သစ်လုပ်ငန်း ဆင်ဝိုင်းက မဟုတ်ဘဲ တောဆင်ရိုင်း ဖြစ်နေကြောင်း တွေ့ရှိရတယ်လို့လည်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီ ဆင်ငယ်ကို ဆယ်ယူကယ်တင်ခဲ့တဲ့ နေရာနှင့် ၅ မိုင်အကွာမှာ မိခင်ဆင်မကြီး အော်ဟစ်နေကြောင်း သိရတဲ့အတွက် ဆင်ငယ်ကို မိခင်ဆင်မကြီးရှိရာ ဆင်အုပ်ဆီကို နေ့လယ်ပိုင်းမှာ ပြန်လည် စေလွှတ်ပေးခဲ့ပါတယ်။ ဆင်ငယ်ဟာ ခန့်မှန်း အသက် (၃/၄) လလောက်ရှိပြီး အမြင့် ၃ ပေ ၆ လက်မလောက် ရှိတဲ့ မိခင်နို့မပြတ်သေးတဲ့ ဆင်မဖြစ်ကြောင်း သတင်းမှာ ဆိုထားပါတယ်။
6 years Ago
Up