တောင်-မြောက်ကိုရီးယား

December 27, 2018

တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ ကားနှင့်ရထားလမ်း ပြန်ချိတ်ဆက်မည်

တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံဟာ သူတို့နှစ်နိုင်ငံကို ဆက်သွယ်ထားတဲ့ ရထားနဲ့ ကားလမ်းတွေကို ပြန်ချိတ်ဆက်မယ့် စီမံကိန်းအတွက် အခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက်မှာ ကျင်းပပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်စီမံကိန်းတွေကြောင့် ဒဏ်ခတ်မှုတွေ ဆက်ရှိနေလို့ ဆောက်လုပ်ရေး လုပ်ငန်းတွေကိုတော့ မစတင်နိုင်သေးပါဘူး။ နှစ်နိုင်ငံလုံးကတော့ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲပြီးတည်းက ပြတ်တောက်နေတဲ့ ရထား လမ်းတွေနဲ့ ကားလမ်းတွေကို ပြန်ချိတ်ဆက်ဖို့ အောက်တိုဘာလက သဘောတူခဲ့ကြပါတယ်။ ဒါဟာ ဒီနှစ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးအေးခဲမှု အရည်ပျော်လာတဲ့ ဥပမာတရပ် ဖြစ်ခဲ့ပါတယ်။ တောင်ကိုရီးယား အရာရှိတွေ နိုင်ငံရေးသမားတွေနဲ့ စစ်ပွဲကြောင့် အိုးအိမ်ရွှေ့ပြောင်းရတဲ့ မိသားစုဝင်တွေ အယောက် ၁ဝဝ လောက်ကို တင်လာတဲ့ အထူးရထားဟာ ကေဆောင် နယ်စပ်မြို့ထဲက ပန်မွန်ဘူတာကို ရောက်လာပါတယ်။ သူတို့ကို မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့၊ ကုလသမဂ္ဂ တရုတ်၊ ရုရှားနဲ့ မွန်ဂိုလီးယား အရာရှိတွေက လာရောက် ပူးပေါင်းတယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်ကြောင့် မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂနဲ့ အမေရိကန်က ဒဏ်ခတ်ပိတ်ပင်ထားလို့ ဒီစီမံကိန်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဟန့်တားထားပါတယ်။ မြောက်ကိုရီးယားက နျူကလီးယား လက်နက်တွေကို စွန့်လွှတ်ချိန်တိုင်အောင် ဒဏ်ခတ်မှုတွေ ဆက်ထားမယ်လို့ အမေရိကန်က အခိုင်အမာ ပြောထားပါတယ်။
2 years Ago

September 29, 2018

တောင်-မြောက်ကိုရီးယားခေါင်းဆောင် ၂ ဦး နိုဘယ်လ်ငြိမ်းချမ်းရေးဆုစာရင်းတွင် ပါဝင်

တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ဟာ ၂ဝ၁၈ နိုဘယ်လ်ငြိမ်းချမ်းရေးပူးတွဲဆု ပြိုင်ပွဲဝင်စာရင်းမှာ ပါဝင်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးနဲ့ ငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းမှုတွေအတွက် အခုလိုစာရင်းမှာ ပါဝင်တာဖြစ်ပါတယ်။ ၂ဝ၁၈ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို လာမယ့် အောက်တိုဘာ ၅ ရက်နေ့မှာ ကြေညာဖို့ စီစဉ်ထားပါတယ်။ နိုဘယ်လ်ဆုချီးမြှင့်ရေးအဖွဲ့အဆိုအရ ငြိမ်းချမ်းရေးဆုအတွက် ပြိုင်ပွဲဝင် ၃၃၁ ဦး ရှိပြီး လူပုဂ္ဂိုလ် ၂၁၆ ဦးနဲ့ အဖွဲ့အစည်း ၁၁၅ ဖွဲ့တို့ ပါဝင်ပါတယ်။ လူပုဂ္ဂိုလ်စာရင်းထဲမှာ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်၊  အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ အဖွဲ့အစည်းစာရင်းထဲမှာ ဦးထုပ်ဖြူအဖွဲ့ ( White Helmets ) နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP ) တို့ဟာ  ၂ဝ၁၈ နိုဘယ်လ်ငြိမ်းချမ်းရေးဆုစာရင်းမှာ ပါဝင်တယ်လို့ သိရပါတယ်။
3 years Ago
More News
Up