တောင်​ကြီး တန်​​ဆောင်​တိုင်​ ပွဲခင်း​ဈေးတင်​ဒါ​ ကျပ်သိန်း ၃၄၀၀ ​​ကျော်​ရရှိ

October 10, 2018

တောင်​ကြီး တန်​​ဆောင်​တိုင်​ ပွဲခင်း​ဈေးတင်​ဒါ​ ကျပ်သိန်း ၃၄၀၀ ​​ကျော်​ရရှိ

ရှမ်းပြည်နယ် ​တောင်​ကြီးတန်​​ဆောင်​တိုင်​ပွဲ​တော်​ ​အောင်​မြင်​​စေဖို့ ပွဲခင်း​ဈေးတင်​ဒါ​ ​ခေါ်​ရွေးချယ်​ပွဲမှာ ကျပ်​သိန်း​ပေါင်း ၃၄၀၀ ​ကျော်​ရရှိတယ်​လို့ ​အောက်​တိုဘာ ၈ ရက်နေ့က ရှမ်းပြည်နယ်​အစိုးရရုံးမှာ ပြုလုပ်​ခဲ့တဲ့ တင်​ဒါ​ရွေးချယ်​ပွဲမှ သိရပါတယ်​။ ရှမ်းပြည်​နယ်​ ဘဏ္ဍာ​ရေးဝန်​ကြီး ဦးစိုင်းရှန်​တစ်​လုံက “နှစ်​စဉ်​ တင်​ဒါ​ခေါ်စနစ်​နဲ့ပြုလုပ်​ပြီး တင်​ဒါ​ရွေးချယ်​ခံရသူအ​နေနဲ့ သတ်​မှတ်​ထားတဲ့ စည်းကမ်း​တွေမလိုက်​နာပါက အ​ရေးယူမယ်” ​လို့ ဆိုပါတယ်​။ တင်​ဒါကို အရင်​နှစ်​လိုမတူဘဲ ပွဲးခင်း​ဈေးအတွက်​ ယာဉ်​ရပ်​နားစခန်း (၃)ခု၊ ပျံကျ​ဈေး​ ကောက်​လုပ်​ငန်း၊ ​ဈေးဆိုင်​ခန်း၊ အ​ရောင်းပြခန်း ချားရဟန်းနဲ့ က​လေးကစားကွင်းလုပ်​ငန်း ​ခေါင်းစဉ်​ ၅ ခုနဲ့ တင်​ဒါ​ခေါ်တဲ့အတွက်​ ပုဂ္ဂိုလ်​တ​ဦးတည်း ရရှိတာ မဟုတ်​ဘဲ ​ရွေးချယ်​ခံရသူ ၃ ဦး တင်တာရရှိခဲ့တာဖြစ်​ပါတယ်​။ ​အရင်​နှစ်​က ပွဲခင်းတခင်းလုံးကို တင်​ဒါဈေး ကျပ်သိန်း ၂၈၀၀ ​ကျော်​သာ ရရှိ​ပေမယ့် ဒီနှစ်​ မှာ သိန်း ၃၄၀၀ ​ကျော်​ ရရှိခဲ့တာပါ။ တင်​ဒါကြမ်းခင်း​ဈေး မြင့်ပေမယ့် ယာဉ်​ရပ်​နားခွင့် ဆိုင်​ကယ်တစီး ​၁၀၀၀​ ကျပ်နဲ့ ကားတ​စီး ၃၀၀၀ ကျပ်​သာ​ကောက်​ခံဖို့သတ်​မှတ်​ပြီး ပို​ကောက်​ပါက အ​ရေးယူသွားမယ်လို့ သိရပါတယ်​။ ​တောင်​ကြီးတန်​​ဆောင်​တိုင်​ ပွဲ​တော်​ကို ​နိုဝင်​ဘာ ၁၅ ရက်​မှစတင်​ပြီး ၉ ရက်​ကျင်းပမှာ​ကို ရက်​ထပ်​တိုးဖို့ အစိုးရစီစဉ်​​နေ​ကြောင်း သိရပါတယ်​။ ခွန်ရာဇာ
3 years Ago
Up