တောင်​ကြီးမြို့တွင် ​၄ လောင်းပြိုင်​ လူသတ်​မှုဖြစ်​ပွား

April 28, 2019

တောင်​ကြီးမြို့တွင် ​၄ လောင်းပြိုင်​ လူသတ်​မှုဖြစ်​ပွား

တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မင်္ဂလာလမ်း၊ အမှတ် (၁၁၈) နေအိမ် (မြင်းဖြူ နှစ်ကောင်ဆေးတိုက်) မှာ ဧပြီ ၂၈ ရက်က ၄ လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ပါတယ်​။ မြင်းဖြူနှစ်ကောင်တိုင်းရင်းဆေးတိုက် သို့ အလုပ်​လုပ်​ဖို့​ အလုပ်​သမား မနန်းပြည့် ​ရောက်​လာတဲ့အချိန်​မှာ ​နေအိမ်​​အောက်​ထပ်​မှာ ​သေ​နေတဲ့ အမျိုးသားတ​ဦးကိုမြင်​ပြီး သက်​ဆိုင်​ရာကို အ​ကြောင်​ကြားရာမှ သိရှိရ​ကြောင်း ရဲတပ်​ဖွဲ့ ပြောပါတယ်။ မှုခင်းဖြစ်​ပွားတဲ့ ​နေရာကို ရှမ်းပြည်​နယ်​ရဲတပ်​ဖွဲ့နဲ့ သက်​ဆိုင်​ရာအဖွဲ့စုံက လာ​ရောက် ​စစ်​​ဆေးမှုပြုလုပ်​ပြီး အ​လောင်းတွေကို စဝ်​စံထွန်း ​ဆေးရုံပို့​ဆောင်​ခဲ့ပါတယ်​။ “တရားခံဖမ်းဆီးရမိဖို့ ဆက်​လက်​စုံစမ်း​နေပါတယ်​။ အ​သေးစိတ်​ကို စစ်​​ဆေး​နေတယ်​”လို့ ရှမ်းပြည်​နယ်​ ရဲတပ်​ဖွဲ့ ခရိုင်​ရဲတပ်​ဖွဲ့မှူး ဦးခင်​​မောင်​ဦးက ​ပြောပါတယ်​။ ​​သေဆုံးသူမှာ မိသားစုဖြစ်တဲ့ ​စိုင်းဆေမွန်း၊ နန်းခမ်းလှိုင်၊ သား မောင်ဖဖ အသက်​(၇)လနဲ့ အလုပ်​သမား မအေးမိုး ၁၇ နှစ်တို့ ဖြစ်​တယ်​လို့သိရပါတယ်​။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်​ပြီး တောင်ကြီးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး အောင်နိုင်ဝင်းက တရားလိုပြုလုပ်ပြီး ရာဇသတ်​ကြီး ဥပဒေပုဒ်မ ၃၀၂(က) နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်​။ ခွန်​ရာဇာ
2 years Ago
Up