တောင်​သမန်​အင်းတွင် ပါရာမိုတာ စက်တပ်လေထီး အစမ်း​လေ့ကျင့်ပျံသန်း

January 17, 2019

တောင်​သမန်​အင်းတွင် ပါရာမိုတာ စက်တပ်လေထီး အစမ်း​လေ့ကျင့်ပျံသန်း

မန္တလေးတိုင်း​ဒေသကြီး၊အမရပူရမြို့နယ် တောင်သမာန်အင်းအတွင်း ဦးပိန်​တံတား​ဘေးမှာ ဇန်နဝါရီ၁၇ ရက်နေ့က စက်တပ်လေထီး (ပါရာမိုတာ) အစမ်း​လေ့ကျင့် ပျံသန်းတာတွေ ပြုလုပ်​ခဲ့ပါတယ်​။ မြန်​မာနိုင်​ငံ ​လေထီးခုန်​အဖွဲ့ချုပ်က စီစဉ်​ပြီး ပထမဆုံး အကြိမ်​အဖြစ်​ စု​ပေါင်းပြီး(ပါရာမိုတာ) စက်တပ်လေထီးမောင်နှင်သွားမှာလည်းဖြစ်ပါတယ်​​​။ ထိုင်းနိုင်​ငံက လာ​​ရောက်တဲ့ ​Asean Paramotoring Club (FLY ASEAN)က ပါရာမိုတာ မောင်းနှင်ကျွမ်းကျင်သူ လေး​ယောက်​နဲ့အတူ မြန်​မာနိုင်​ငံက လေးယောက်​တို့က ​မောင်းနှင်​ ပျံသန်းသွားကြမှာဖြစ်​ပါတယ်​။ မြန်​မာနိုင်​ငံ ​လေထီးခုန်​အဖွဲ့ချုပ်​ အတွင်း​ရေးမှူး ဦး​အောင်​နိုင်​သူက “အာဆီယံနိုင်​ငံက အားကစားသမားအချင်းချင်း ချစ်​ကြည်​ရင်းနှီးမှု ရ​အောင်​၊ မြန်​မာနိုင်​ငံရဲ့ သဘာဝအလှ​တွေကို​ ကောင်းကင်​​ပေါ်က​နေ ကြည့်ရှုခံစားနိုင်​​အောင်​၊ ပြီး​တော့ အတတ်​ပညာချင်းဖလှယ်​ကြတဲ့ သ​ဘောပါ။ သူတို့ကလည်း ကျနော်တို့ဆီက အတတ်​ပညာယူတယ်​​။ ကျနော်​တို့ကလည်း သူတို့ဆီက အတတ်​ပညာ​တွေ ဆည်းပူးဖလှယ်​နိုင်​​အောင်​ပါလို့ပါ။ အဓိကအ​နေနဲ့က​တော့ ဒီရည်​ရွယ်​ချက်​ သုံးခုနဲ့ ကျင်းပရတာဖြစ်တယ်”လို့​ ပြောပါတယ်​။ အခုလိုပထမဆုံးအကြိမ်​ စက်တပ်​​လေထီး​မောင်းနှင်​ပျံသန်းခြင်းကို ​​ဇန်​နဝါရီ ၁၈ ရက်​မှာ မန္တလေးမြို့ ဦးပိန်​တံတားနဲ့ ဧရာဝတီမြစ်​​ဘေးကမ်း​ဘေးက ရှမ်း​လေးကျွန်း​ရွာကို ပျံသန်းမှာဖြစ်​ပြီး ဇန်​နဝါရီ ၁၉ ရက်​မှာတော့ ပြင်​ဦးလွင်​မြို့​​ပေါ်က စေတလုံးရွာနဲ့  ဇန်​နဝါရီ ၂၀ ရက်​မှာ ​နောင်​ချိုမြို့အားကစားကွင်းက​နေ ​နောင်​ပိန်​ရွာကို မောင်းနှင်ပျံသန်းမှာ ဖြစ်ပါတယ်​။ ပျံသန်းဆင်းသက်မယ့် ကျေးရွာတွေမှာရှိတဲ့ စာသင်​​ကျောင်း​တွေက ကလေးငယ်​​တွကိုေ​လ​ကြောင်းဗဟုသုတ အ​ထောက်​အကူပြပစ္စည်း​​တွေနဲ့ ​လေယဉ်​ပျံ ပုံစံငယ်​​လေးေ​တွကို လက်​​ဆောင်​ ပေးသွားဖို့လည်း အစီအစဉ် ရှိပါတယ်။
2 years Ago
Up