တောင်နှင့်မြောက် ရေခဲပြင် ဟောကီ

February 11, 2018

တောင်နှင့်မြောက် ရေခဲပြင် ဟော်ကီအသင်း ဆွစ်ဇာလန်ကို ၈ ဂိုးပြတ်ရှုံးနိမ့်

ဖေဖော်ဝါရီ ၁၀ ရက်နေ့ ပြုံချန်းအိုလံပစ် အဖွင့်ပြိုင်ပွဲမှာ  တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံပေါင်းပြီး ယှဉ်ပြိုင်တဲ့ အမျိုးသမီး ရေခဲပြင် ဟော်ကီအသင်းဟာ ဆွစ်ဇာလန်အသင်းကို ၈ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲကို တောင်ကိုရီးယား မွန်းဂျေအင်၊ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ သောမတ်စ်ဘတ်ခ်ျနဲ့    မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ညီမ ကင်မ်ယိုဂျောင်းတို့ ကြည့်ရှုအားပေး ခဲ့ကြပါတယ်။ အဲဒီပြိုင်ပွဲဟာ ကိုရီးယားနှစ်နိုင်ငံ သံတမန် ဆက်ဆံရေးနဲ့ အမှတ်လက္ခဏာအတွက် ထင်ရှားခဲ့ပေမယ့် ပြိုင်ပွဲ ရလဒ်ပိုင်းမှာအရေး မပါခဲ့ပါဘူး။ အဲဒီပြိုင်ပွဲမှာ မြောက်ကိုရီးယား cheerleader ၁၀၀ လောက်ဟာ အနီရောင်အားကစားဝတ်စုံတွေနဲ့ ပွဲကြည့်ပရိသတ်တွေကို အားပေးကြပြီး မြောက်ကိုရီးယား ပေါ့သီချင်းတွေ သီဆို ဟစ်ကြွေးကြပါတယ်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ကင်နောင် ရေခဲပြင်စကိတ်ကွင်းမှာပြုလုပ်တဲ့ မီတာ ၁၅၀၀ ပြေးလမ်းတို အမြန် စကိတ်စီး ပြိုင်ပွဲမှာ အိမ်ရှင် တောင်ကိုရီးယား အားကစားသမား လင်ဟွန်ဂျွန်းက ပထမဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးခဲ့ တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up