တောင်နှင့်မြောက် ကိုရီးယား

April 27, 2018

စစ်မဲ့ဇုန်တွင် တောင်နှင့်မြောက် ကိုရီးယား ခေါင်းဆောင် ၂ ဦး တွေ့ဆုံ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်တို့ဟာ နှစ်နိုင်ငံနယ်စပ် စစ်ကင်းမဲ့ဇုန်မှာ ဧပြီ ၂၇ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။ ၁၀ နှစ်ကျော်ကာလအတွင်း ပထမဦးဆုံးအကြိမ် တောင်-မြောက်ကိုရီးယား ဆွေးနွေးပွဲအတွက် ရောက်ရှိလာကြတဲ့ ခေါင်းဆောင်နှစ်ဦးဟာ ဒေသစံတော်ချိန် မနက် ၉ နာရီခွဲအချိန် နယ်စပ်မျဉ်းပေါ်မှာ အပြုံးတွေနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။ သမ္မတနှစ်ဦး တွေ့ဆုံစဉ် သမ္မတ မွန်းက သမ္မတကင်အား နယ်စပ်မျဉ်းကိုကျော်ပြီး တောင်ကိုရီးယားဘက်ခြမ်း ဝင်လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီ့အတွက် သမ္မတ ကင်ဂျုံအန်းဟာ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲနောက်ပိုင်း တောင်ကိုရီးယားကို ပထမဦးဆုံးခြေချတဲ့ မြောက်ကိုရီးယားခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ စစ်မဲ့ဇုန်ဧရိယာအတွင်းရှိ ဆွေးနွေးမယ့် ရွာလေးကို အရောက်မှာတော့ တောင်ကိုရီးယား ကလေးငယ်နှစ်ဦးက ခေါင်းဆောင်နှစ်ဦးကို ပန်းစည်းတွေကမ်းပြီး ကြိုဆိုခဲ့ပါတယ်။
4 years Ago
Up