တောင်နှင့်မြောက်

August 11, 2018

တောင်နှင့်မြောက်ကိုရီးယား ထိပ်တန်းအရာရှိများ တွေ့ဆုံမည်

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ ပြုလုပ်နိုင်ချေရှိတဲ့ သုံးကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲအတွက် ပြင်ဆင်စရာရှိတာတွေကို ဆွေးနွေးဖို့ တောင်ကိုရီးယား ထိပ်တန်းအရာရှိတွေဟာ မြောက်ကိုရီးယားထိပ်တန်း အရာရှိတွေနဲ့ တွေ့ဆုံမယ်လို့ တောင်ကိုရီးယားဘက်က သတင်းထုတ်ပြန်ပါတယ်။ သမ္မတမွန်ဂျေအင်းနဲ့ ကင်ဂျုံအွန်းတို့ဟာ ဧပြီလနဲ့ မေလတုန်းက နှစ်ကြိမ်တွေ့ဆုံပြီး ဖြစ်ပါတယ်။ တောင်မြောက်ကိုရီးယား ၂ နိုင်ငံ အဆင့်မြင့်အရာရှိတွေ တွေ့ဆုံမယ့်သတင်းကို တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်တာပါ။ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိတွေဟာ နှစ်နိုင်ငံနယ်စပ်က အပစ်ရပ်ထားတဲ့ ပန်မွန်ဂျွန်းကျေးရွာရဲ့ မြောက်ကိုရီးယား နိုင်ငံဘက်ခြမ်းမှာ တနင်္လာနေ့ တွေ့ဆုံဆွေးနွေး ကြမှာပါ။ နှစ်ဖက် အဆင့်မြင့်အရာရှိတွေဟာ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ ပထမဆုံး ထိပ်သီးဆွေးနွေးပွဲမှာ ရရှိခဲ့တဲ့ ပန်မွန်ဂျွန်းကြေညာချက်ပါ အချက်တွေကို အထမြောက်ရေး ဆွေးနွေးနိုင်ချေရှိတယ်လို့ စီစီတီဗီသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

April 26, 2018

တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံနယ်စပ် လုံခြုံရေးတင်းကျပ်

ဧပြီ ၂၇ ရက် ကျင်းပမယ့် တောင်နဲ့ မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲအတွက် နှစ်နိုင်ငံ နယ်စပ် ဧရိယာမှာ ဧပြီ ၂၆ ရက်နေ့က လုံခြုံရေး တင်းကျပ်ထားပါတယ်။ တောင်ကိုရီယားသမ္မတ မွန်းဂျေးအင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ဟာ နှစ်နိုင်ငံနယ်စပ်အနီး မြောက်ကိုရီးယားနယ်မြေထဲမှာရှိတဲ့ ပန်မူဂျွန်းရွာကလေးမှာ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ တရားဝင်ဆွေးနွေးပွဲကို ပန်မူဂျွန်းကျေးရွာရှိ ငြိမ်းချမ်းရေးအိမ်တော်မှာ ဧပြီ ၂၇ ရက် ဒေသစံတော်ချိန် မနက် ၁၀ နာရီခွဲ ကျင်းပမှာ ဖြစ်ပါတယ်။
3 years Ago
Up