တောင်ကြီး တွင် ဆန္ဒပြ

A d v e r t i s e m e n t With Us

July 6, 2019

Wisdom Hill မူကြိုကျောင်းသူအမှု အမှုမှန်ပေါ်ရေးနှင့် သက်ငယ်မုဒိမ်း ပပျောက်ရေး တောင်ကြီး တွင် ဆန္ဒပြ

နေပြည်တော် Wisdom Hill မူကြိုမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ မိန်းကလေးငယ်အတွက် အမှုမှန်​​ပေါ်​ပေါက်​​ရေးနဲ့ သက်​ငယ်​မုဒိန်းပ​ပျောက်​​ရေး ​တောင်​ကြီးမြို့မှာ ဒီနေ့ လမ်း​လျှောက်​ဆန္ဒပြခဲ့ကြပါတယ်​။ ​တောင်​ကြီးမြို့ ဗိုလ်​ချုပ်​​အောင်​ဆန်း ပန်းခြံမှ စူဠာမုနိဘုရားထိ လမ်း​လျှောက်​ဆန္ဒပြခဲ့ကြပြီး သက်​ငယ်​မုဒိန်း ကျူးလွန်​သူကို ဥပ​ဒေ​အရ ထိထိ​ရောက်​​ရောက်​အ​ရေးယူ​ပေးဖို့ ​တောင်းဆိုကြပါတယ်​။ ကျောင်းသားလူငယ်​​တွေဦး​ဆောင်​ပြီး လူအင်​အား ၁၀၀ ဝန်းကျင်​ လမ်း​လျောက်​ ဆန္ဒပြပြီး အမှုမှန်​​ပေါ်​ပေါက်​ဖို့ စူဠာမုနိဘုရားမှာ ဆု​တောင်း​မေတ္တာပို့ခဲ့ကြတာပါ။ အမှုမှန်​​ပေါ်​ပေါက်​ဖို့ အရပ်​ဘက်​လူမှုအဖွဲ့အစည်းနဲ့ ထပ်​မံဆန္ဒပြ​တောင်းဆိုသွားဖို့ရှိတယ်​လို့ သိရပါတယ်​။ နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂိလက မူကြိုကျောင်းမှာ မေ ၁၇ ရက်နေ့ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တယောက် မဖွယ်မရာပြုကျင့်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ပုဒ်မ-၃၇၆ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားတဲ့အကြောင်း ဒက္ခိဏခရိုင် တရားရုံး၊ ဒုတိယတရားသူကြီး ဦးညိုဌေးက အတည်ပြု ပြောကြားထားပါတယ်။
2 years Ago
Up