တောင်ကြီးမြို့တွင် ဒေါ်လာသန်း ၁၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

A d v e r t i s e m e n t With Us

June 26, 2019

တောင်ကြီးမြို့တွင် ဒေါ်လာသန်း ၁၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်မှာ ဖမ်းဆီးရမိခဲ့တဲ့ အမေရိကန်ဒေါ်လာ သန်း ၁၅၀ လောက်တန်ဖိုးရှိတဲ့  မူးယစ်ဆေးဝါးနဲ့ ဓာတုပစ္စည်းတွေကို တောင်ကြီးမြို့ အ​ဝေရာ မီးပုံးပျံကွင်းမှာ ဒီကနေ့ ဇွန်​လ ၂၆ ရက်​က မီးရှို့ဖျက်​ဆီးလိုက်ပါတယ်​။  ရှမ်းပြည်နယ်အတွင်း နှစ်အလိုက် ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ် ဓာတုပစ္စည်း မီးရှို့ဖျက်စီးရာမှာ အရင်နှစ်ကထက် ဒီနှစ်မှာ ပမာဏပိုများခဲ့တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်​​ဇော်​ခင်​​အောင်​က ပြောပါတယ်။ “ရှမ်းပြည်​နယ်​ဟာ နယ်​စပ်​​ဒေသဖြစ်​သလို သွားလာရခက်​ခဲတဲ့​ဒေသ​တွေ ဖြစ်​တဲ့အတွက်​ မူးယစ်​​ဆေးဝါး ထုတ်​လုပ်​တာ များတယ်​လို့ ဆိုပါတယ်​။ ရှမ်းပြည်​နယ်​မှာ ဘိန်းစိုက်​ပျိုးတာ ​လျော့ကျလာ​ပေမယ့် ဓာတုဆက်​စပ်​ပစ္စည်း​တွေက ပိုမိုများပြားလာတယ်​လို့ သိရပါတယ်​။ မူးယစ်​​ဆေးဝါး​ပ​ပျောက်​ရေး သုံးစွဲတာတွေ​နဲ့ ထုတ်လုပ်တာတွေ လျော့ချနိုင်ဖို့ တားဆီး နှိမ်​နင်း​ရေး​တွေ ဆက်​တိုက်​ လုပ်​​ဆောင်​​မှ ထိ​ရောက်​မယ်​” ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကလည်း မူးယစ်ဆေးဝါးဟာ လူငယ်တွေအပြင် လူမှုပတ်ဝန်းကျင်ကိုပါ ခြိမ်းခြောက်နေတယ်လို့  ဒီကနေ့ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနဲ့ တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။    ရှမ်းပြည်​နယ်​မှာ ၂၀၁၅ ခုနှစ် က အ​မေရိကန်​​ဒေါ်လာ ၈၂ သန်း​ကျော်​၊ ၂၀၁၆ ခုနှစ် အ​မေရိကန်​​ဒေါ်လာ ၃၁ သန်း​ကျော်​၊ ၂၀၁၇ ခုနှစ် အ​မေရိကန်​​ဒေါ်လာ ၁၄၃ သန်း​နဲ့ ၂၀၁၈ ခုနှစ် အ​မေရိကန်​​ဒေါ်လာ ၁၀၉ သန်း​ကျော်​တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ  မီးရှိုဖျက်​ဆီးခဲ့ပါတယ်​။  တနိုင်ငံလုံး အတိုင်းအတာအနေနဲ့လည်း ဒီနှစ်မှာ ရှမ်းပြည်နယ်က မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်း ဒေါ်လာ သန်း ၁၅၀ ကျော်နဲ့ အများဆုံး မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ခွန်ရာဇာ
2 years Ago
Up