ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ အမှတ် (၁) ရဲစခန်းရှေ့တိုက်တန်းရှိ အောင် စတိုးဆိုင်နဲ့ ကမ္ဘောဇဘဏ် ၁ အနီးမှာ အောက်တိုဘာလ ၂၅ ရက်နေ့ ည ၈ နာရီခွဲခန့်က ပေါက်ကွဲတခုဖြစ်ပွားခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် လူ ၃ ဦးဒဏ်ရာရရှိခဲ့ပြီး ရပ်ထားတဲ့ တိုယိုရိုတာ ipsum ကားအမျိုးအစားမှ ရုတ်တရက်ပေါက်ကွဲ ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။
ပေါက်ကွဲမှုကြောင့် ဒဏ်ရာရှိခဲ့တဲ့ လူ ၃ ဦးကို စပ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ရန်နောင်ပိုင်
5 years Ago