တောင်ကြီးတွင် Burger House စားသောက်ဆိုင် မီးလောင် (ဓာတ်ပုံ)

December 19, 2015

တောင်ကြီးတွင် Burger House စားသောက်ဆိုင် မီးလောင် (ဓာတ်ပုံ)

တောင်ကြီးမြို့ သစ်တောရပ်ကွက် Burger House စားသောက်ဆိုင်မှာ စားဖိုဆောင်ကနေ စပြီးမီးလောင်ကျွမ်းခဲ့ပါတယ်။ ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်လောက်မှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ပြီး ၅ မိနစ်လောက်အတွင်း တောင်ကြီးခရိုင် မီးသတ်ဦးစီးဌာနက မီးသတ်ကား ၈ စီး၊ ရေသယ်ယာဉ် ၃ စီးနဲ့ လာရောက်ငြိမ်းသတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ အဲဒီနောက် ညနေ ၅ နာရီ ၂၅ မိနစ်လောက်မှာ မီးငြိမ်းနိုင်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ စားဖိုဆောင်မှာ အသုံးပြုတဲ့ ဂက်စ်အိုးက စလောင်တယ်လို့ သိရပြီး ဒဏ်ရာရထားတဲ့ စားဖိုမှူးနဲ့ သူ့လက်ထောက်ကို ဆေးရုံ ပို့ထားရပါတယ်။ ဓာတ်ပုံ-စ၀်ကော်ဆိုင်ဟိန်း  
6 years Ago
Up