တောင်ကြီးတွင် ၄ လောင်းပြိုင် လူသတ်မှုဖြစ်ပွား

August 21, 2018

တောင်ကြီးတွင် ၄ လောင်းပြိုင် လူသတ်မှုဖြစ်ပွား

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ လေးလောင်းပြိုင် လူသတ်မှု မနေ့က ဖြစ်ပွားခဲ့တယ်လို့  တောင်ကြီးမြို့ခံ တရားဥပဒေစိုးမိုးရေးကွန်ရက်က ဦးဝင်းနိုင်စိုးက ဒီဗွီဘီကို ပြောပါတယ်။ တောင်ကြီး ဆေးတက္ကသိုလ် အနောက်ဘက်ရှိ လိုဏ်ဂူအနားမှာ အသတ်ခံခဲ့ရတာ ဖြစ်ပြီး သတ်ခံရသူတွေထဲမှာ  ဒုအရာခံဗိုလ် အပါအ၀င် အမျိုးသမီးတဦးနဲ့ သူ့ရဲ့ သမီးဖြစ်သူတို့ လည်းပါဝင်ပါတယ်။ “ကျနော်တို့ သက်ဆိုင်ရာ အပိုင်ရဲစခန်း အမှတ် ၁ ရဲစခန်းရော၊ ပြည်နယ်ရဲရုံးရော၊ ခရိုင်ရဲရုံးရော ကျနော်တို့ လိုက်တဲ့အခါမှာ သူတို့ဆီကို လုံးဝ သတင်းပို့ထားခြင်းမရှိပါဘူး။ သူတို့ သိရှိတာ မရှိပါဘူးဆိုပြီး ဖြေကြားတယ်ခင်ဗျာ။ အသတ်ခံရတာက အရာခံ ဗိုလ်နှ်စ်ယောက်နဲ့ သားအမိနှစ်ယောက်  ၅ နှစ်အရွယ်ကလေးနဲ့ သူ့အမေပါ”လို့ ဦးဝင်းနိုင်စိုးက ပြောပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာအနားမှာ  လိုင်းခန်းအိမ်နှစ်ခုသာရှိပြီး သာမန်ဒေသခံတွေ ၀င်ထွက်သွား လာလို့မရဘူးလို့လည်း ပြောပါတယ်။ အဆိုပါလူသတ်မှုနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
3 years Ago
Up